ကားရပ်တာနဲ့အတူ အပြင်ကိုပြေးထွက်သွားတဲ့မေမေ့ကိုကြည့်ပြီး..လျှာသာထုတ်ပြနေလိုက်တယ်..။
"ငယ်လေး...အဝတ်အစားသွားလဲလိုက်လေ...
မေမေဆူဦးမယ်နော်...""မလဲပါဘူး...ပူကကြားထဲ မလဲနိုင်ပါဘူး...
ဘယ်ကဧည့်သည်တွေမှန်းလည်းမသိပဲနဲ့..သားမလဲနိုင်ပါဘူး..""အင်းပါ..ငယ်လေး မလဲချင်ရင်မလဲနဲ့တော့.."
"ဟုတ်...ဒါနဲ့ မကြီးတို့က ဘာလို့အင်္ကျီအသစ်တွေဝတ်ထားတာလဲ?..."
"မေမေ ဝတ်ခိုင်းထားတာပေါ့..."
"ဟုတ်လား...ဧည့်သည်လေး လာမှာကို ရေးကြီးခွင့်ကျယ်လုပ်ပြီးအသစ်လဲခိုင်းထားသေးတယ်...ဟွန်း....."
"တိုးတိုးပြောပါ..ငယ်လေးရယ်...
မေမေကြားလို့ဆူဦးမယ်...""ဟွန်း..."
မြန်မြန်ဝင်လာစမ်းပါ..ဧည့်သည်တွေက ဘယ်သူလဲဆိုတာ မြင်ချင်လှပြီ..
"လာ...လာ...မသူဇာရေ...
မတွေ့တာကြာတော့ ပိုတောင်နုလာသေးတယ်...""ဟုတ်ပါ့..မသီတာရယ်...
မသီတာလည်း အတူတူပါပဲ...""အဟက်...
လာလာ..အထဲမှာ သမီးတွေရှိတယ်...""မေမေ...အဲ့တာဆို သားကရော..."
"ဘာကိုလဲဟဲ့..."
"မေမေပဲ အထဲမှာ သမီးတွေရှိတယ်ဆို...
အဲ့တာဆို သားကရော...ဒီနေရာက သားနဲ့မဆိုင်ဘူးလား...""သူရဖုန်းမြင့်...နင်ကတော့လေ...
အထအနတော်တော်ကောက်တယ်...
ဒီလိုပဲခြုံပြောတာပေါ့...
မအေစကားကို အထအနလိုက်ကောက်နေသေးတယ်...နင်တော့နော်...""အဟက်...မသီတာသားလေးက သွက်သွက်သးလက်လက်နဲ့ ချစ်စရာလေးပဲ..."
"ဟုတ်ပါ့...မသူဇာရယ်...
သွက်လက်လွန်းနေလို့ကို ခက်နေတာ..
အခုပဲကြည့်လေ...မအေကို အထအနလိုက်ကောက်နေတာ...
အမတွေက အလိုလိုက်ထားတော့ ဆိုးချင်တိုင်းဆိုးနေတာ...""မေမေကလည်း..."
"မေမေက မလည်းနေနဲ့...သွား..အန်တီတို့အတွက် ထမင်းသွားပြင်ထား..."
"ဟုတ်..." ဆိုပြီး မျက်နှာစူပုတ်ပြီးအထဲဝင်သွားတဲ့ သားငယ်ကိုကြည့်ပြီး ဒေါ်သီတာမှာ ဧည့်သည်တွေကို မျက်နှာပူစွာနဲ့ပဲ ဧည့်ခန်းထဲမှာထိုင်ခိုင်းရတယ်...
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့