အချိန်တွေတဖြည်းဖြည်းကျော်ဖြတ်လာပြ်ီးနောက်..ကျွန်တော်တို့ second semester တက်ရမည့်အချိန်ကိုရောက်လာပြီ..။ ကျောင်းသွားကျောင်းပြန် ဦးကကြိုပို့လုပ်ပေးတာကြောင့် အရင်ကလို ကားငှားစီးစရာမလိုတော့ဘူး..။ ဦးနဲ့တွေ့တဲ့အချိန်ကလည်း ဒီအချိန်ပဲရှိတာလေ..။
"ယောက်ဖ ယောက်ဖ..ဟေ့ကောင်...
ဒီမှာ မင်းလူကြီးပုံ cute boy pageမှာ ပါလာတယ်...""ဟင်...cute boy page ?..."
"ဟုတ်တယ်...
မင်းလူကြီးကို တင်ထားတာ..
မယုံရင် ဒီမှာကြည့်..." ဆိုပြီး ဝေလင်းကသူ့ရဲ့ဖုန်းကိုထိုးပြလာတယ်....ကျွန်တော်လည်း ဝေလင်းရဲ့ဖုန်းကိုယူပြီးကြည့်လိုက်တော့..မြင်ရတဲ့ပုံတွေက အေပရွန်ဝတ်ပြီးကော်ဖီဖျော်နေတဲ့ဦးရဲ့ပုံတွေ...
အံမယ် သူကဓာတ်ပုံရိုက်နေတာကိုသိသည့်အလား...ပြုံးတောင်ပြုံးနေသေးတယ်..။တစ်ပုံချင်းစီကြည့်ရင်း ဦးရဲ့အပြုံးတွေက ပိုပြီးထင်ပေါ်လာလေလေဖြစ်သည်..။ ဘယ်ကောင်မလေးအတွက် ကော်ဖီကိုဖျော်ပေးနေရတာလဲ?..ဟွန်း.....
ရေးထားတဲ့captionကလည်း...ဘာတဲ့
* ကိုကြီးရဲ့အပြုံးအောက်မှာ...
ညီမလေးကျဆုံး🤒 *ဟွန်း....အဖိုးကြီးနော်အဖိုးကြီး..
ဓာတ်ပုံရိုက်နေတာ မသိရအောင်..ဘယ်လောက်တောင် ပဲပေးနေလဲမသိဘူး...သူတို့ပြောတာလည်း ဟုတ်တာပဲလေ...
ကတုံးကေနဲ့ဦးဟာ အရမ်းကိုခန့်ညားနေပါတယ်..ပြုံးလိုက်တော့ ပိုချောသွားတာပေါ့...captionဖတ်ပြီးလောင်ရမလားမှတ်တယ်..။ commentsတွေဝင်ဖတ်မှ ပိုဆိုးသွားတယ်..။
ကျွန်တော်လည်း ဆက်ဖတ်မနေတော့ဘဲ ဦးရဲ့accountထဲဝင်ကြည့်လိုက်တော့..followersတွေ တိုးနေတာတွေ့ရတယ်..။ ဒါပေမဲ့ ဦးကတော့ လိုင်းပေါ်မှာတော့ရှိမနေဘူး..။ တော်သေးတာပေါ့လို့ပဲ တွေးရတယ်..။"ရော့....မင်းဖုန်း.."
"မင်းလူကြီးက တော်တော်စန်းပွင့်တာပဲ...
အေးလေ...ရုပ်ကလည်းချော bodyကလည်းတောင့်တောင့်..ရုပ်ရှိရေလျှံသူဋ္ဌေးသားလေးဆိုတော့ မိန်းကလေးတိုင်းကြိုက်ကြတာမဆန်းပါဘူး...
ငါတော့ လုံးဝအားကျတယ်ကွာ...
မင်းလူကြီးက မိန်းကလေးတိုင်းလိုချင်တဲ့ boyfriend material type ပဲလေ..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့