"ပါပါး အဲ့လုံး...အဲ့လုံး..."
"ဟာ...သားသားကလည်း ၂လုံးရနေပြီလေကွာ..တော်ပြီပေါ့...
မင်းဖေဖေပြန်လာတော့မှာ...
မိရင်၂ယောက်လုံးအဆူခံရမှာ...""ဟင့်အင်း...ဟင့်အင်း...
အဲ့တစ်လုံးခူးပေးဦး...""ကျစ်...ငါတော့ ငယ်ငယ်ကမွှေခံသမျှ ပြန်ခံနေရတာပဲ...ဟွန်း..."
"ပါပါးမခူးပေးရင် ဒီ၂လုံး မစားရဘူး...
သားသားပဲစားမှာ...""အောင်မာ...ငါခူးပေးထားတဲ့၂လုံးကိုများ...
ဒီတစ်လုံးခူးပြီးရင် တော်ပြီနော်...
မင်းဖေဖေလာရင် ပါပါးကိုဆူလိမ့်မယ်...""ဟုတ်...ဒီတစ်လုံးရရင် မအေးကိုငရုတ်သီးဆား သွားလုပ်ခိုင်းမယ်.."
"အေးအေး...ပြီးကျရင် အတူတူမယ်နော်..."
"ဟုတ်...."
သူရဖုန်းမြင့်လည်း သားသားကိုပြောပြီးတာနဲ့..မာကလာကိုင်းသေးသေးလေးဆီ ခြေလှမ်းလိုက်တယ်..။ မာလကာပင်က ကိုင်းတွေဖြာထွက်နေကာ..ဂွဆုံမှာ ကားရပ်နေရာကနေ..မာလကာသီးအကြ်ီးကြ်ီးသီးနေတဲ့ ကိုင်းဆီခြေလှမ်းလိုက်သည်..။
"သားသား...မင်းအလုံးကို ပါပါးမမှီဘူးကွ...
ကိုင်းကကြိုးတော့မယ်...""ပါပါးကလည်း..ရှေ့လေး နည်းနည်းတိုးလိုက်..."
"အေးအေး..."
သူရဖုန်းမြင့်လည်း သားသားပြောတဲ့အတိုင်း..အရှေ့ကိုလှမ်းလိုက်တာ..ကိုင်းက ကျွတ်ခနဲ မြည်သံနဲ့အတူ သူရဖုန်းမြင့်လည်း အောက်ကိုပြုတ်ကျသွားသည်..။
"အံမယ်လေး..." "ပါပါး..."
ညကအရှိန်နဲ့ဆို ပြုတ်ကျလိုက်ရင်တော့..ငါ့ရဲ့တင်ပါးတော့ သွားပါပြီ လို့တွေပြီးဟမျက်လုံးလည်းဖွင့်ကြည့်လိုက်ရော..
"အံမယ်လေး...ဥ..."
"ဘာမှမဥဘူး...
ပြော...အပင်ပေါ်ဘာတက်လုပ်တာလဲ?...""သားသားလေ...သားသား...
ဟင်...ဘယ်ရောက်သွားတာလဲ?..."အရေးထဲကို ဖုန်းမြင့်အသေးစားက ထွက်ပြေးပြီ...တော်တော်ကောင်းတဲ့သား...
"ရှာမနေနဲ့ ဦးကိုတွေ့တာနဲ့ပြေးပြီ..."
"တော်တော်အားကိုးရတဲ့သား...
လာမှ ထိပ်ကိုခေါက်ပြစ်ဦးမယ်..."
YOU ARE READING
ဦးရဲ့သည်းငယ်လေး (Completed)
Romanceသည်းငယ်လေး မင်းကြိုက်သလောက်ဆိုးစမ်းပါ မင်းဆိုးနေတာလေးကို ဦးကချစ်တာမို့လို့