Ch-1

20.8K 1.1K 50
                                    

{ Unicode }

"မြန်မြန်ထတော့..အောက်မှာရိပေါ်လေးရောက်နေပြီ"

"ဟာ...မားကလဲ..အစောကြီးရှိသေးတာကို"

"ဟဲ့..မစောတော့လို့ရိပေါ်တောင်ရောက်လာတာပေါ့...နင့်ကြောင့်နဲ့သူများပါနောက်ကျနေမယ်...ထတော့"

"ကျစ်.."

"ဂွက်!!!"

"အားးး...နာတယ်..မားး"

အပေါ်ထပ်ကနေစူးခနဲထွက်လာတဲ့အော်သံကျယ်ကြောင့် အောက်ထပ်ကဧည့်ခန်းမှာထိုင်ရင်းစကားပြောနေတဲ့ ရှောင်းပါးပါးနဲ့ရိပေါ်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ရယ်မိသည်။

"အင်း..အားကျန့်ကတော့ကွာ..အခုထိကလေးလိုလုပ်နေတုန်း...ရိပေါ့်ကိုပဲအပ်ပါတယ်..မင်းသူငယ်ချင်းကိုနည်းနည်းလောက်ထိန်းကျောင်းပေးပါဦး"

"မဟုတ်တာပဲ..သူကဦးလေးတို့နဲ့မို့ပါ...ကျောင်းမှာတော့တည်ငြိမ်သူကြီးဗျ"

"ဟေ..ဟုတ်လား....ဟားဟား"

ပြိုင်တူရယ်မိကြရင်းအပေါ်ထပ်ကနေပြင်ဆင်ပြီးဆင်းလာမဲ့သူကိုစောင့်ရသည်။

########

"ရှောင်းကျန့်နဲ့၀မ်ရိပေါ်...."

တစ်ယောက်နာမည်ကိုခေါ်တာနဲ့နောက်တစ်ယောက်နာမည်ကပါ ကပ်လိုက်လာသည်။

"နေ့လည်ကျရင်ဆရာမရုံးခန်းထဲလာခဲ့ဦး..သားတို့ကိုပြောစရာရှိလို့"

""ဟုတ်""

ပြိုင်တူဖြေလိုက်ရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်စပစ်ပြမိသည်။

"၀မ်ရိပေါ်..ဆရာမဘာလို့ခေါ်တာလဲမသိဘူး"

"အင်း..ကျောတောင်နည်းနည်းချမ်းလာသလိုပဲ"

တုန်တက်သွားတဲ့ပုံနဲ့ခန္ဓာကိုယ်ကိုလှုပ်ခါပြတဲ့၀မ်ရိပေါ်ကိုရှောင်းကျန့်ကနှုတ်ခမ်းမဲ့ပြတယ်။

"မမဲ့ပြနဲ့..ဖက်နမ်းပစ်မယ်"

အတင်းကာရောဆွဲချုပ်ပြီးစတာမို့ ရှောင်းကျန့်ကနားရွက်ကိုလိမ်ဆွဲပစ်တယ်။

"အပေါက်အရမ်းချောင်တယ်...ပြောလိုက်ရင်မဟုတ်တာတွေချည်းပဲ"

My Youth Is YoursWhere stories live. Discover now