(Unicode)
မူးနောက်နေသော ခေါင်းနှင့်အတူ
မျက်လုံးဖွင့်ဖွင့်ချင်း ဝိုးတဝါးပုံရိပ်
တို့ကိုသာ မြင်လိုက်ရသည်။
ဘေးဘီကို ဝေ့ဝိုက်ကြည့်ရင်း
မရင်းနှီးသော အခန်းအပြင်ကို
တွေ့ပြီး ရုတ်တရက်ကြောင်တွေ
သွားသည်။ ခေါင်းကို နည်းနည်း
အလုပ်ပေးလိုက်သောအခါ
နောက်ဆုံးမှတ်မိသောအချိန်သည်
taxi ပေါ်တွင်ဖြစ်သည်။
အဲ့အချိန်တွင် ရုတ်တရက် အိပ်ချင်လာ
သလိုဖြစ်ကာ မျက်လုံးခနမှိတ်လိုက်ချိန်ဖြစ်သည်။
ဒါဆို အခုက ဘယ်ရောက်နေတာလဲ
ပေါ်လာသော အတွေးနှင့်အတူ
လူကထိတ်လန့်သွားသည်။
ဗိုက်ကလေးကိုထိကြည့်ပြီးမှ ပုံမှန်
အတိုင်းဖြစ်နေသေး၍ သက်ပြင်းချမိ
သည်။ တစ်ယောက်တည်းမဟုတ်ဘဲ
ကလေးလေးပါရှိသည်ဟု တွေးမိသော
အခါရင်ထဲနွေးထွေးသွားသည်။
ဖုန်းကိုရှာကြည့်တော့ မတွေ့တော့ချေ။
လက်မှနာရီကို ကြည့်မိတော့ ညနေ
လေးနာရီပင်ခွဲပြီ။ ဒီချိန်ဆို ကိုကိုလာ
ခေါ်ချိန်ရောက်ပြီပဲ။"ချပ်''
အခန်းတံခါးပွင့်သွားတော့ အလန့်တ
ကြားနှင့် ဗိုက်ကို ထိန်းကာ
မော့ကြည့်လိုက်သည်။ အခုအချိန်မှာ
ကိုယ်တိုင်ထက် ကလေးလေး
အန္တရာယ်ကင်းဖို့သာ ဆုတောင်း
နေမိသည်။
အခန်းထဲ ဝင်လာသည်က ဝဝဖိုင့်
ဖိုင့်နှင့် အသက်
လေးဆယ်ကျော်အရွယ် အမျိုးသမီး
တစ်ဦး။ လက်ထဲတွင် စားစရာများ
ထည့်ထားသည် ဟု ယူဆရသော
ဗန်းတစ်ဗန်းကိုင်ထားလျက်။"နိုးလာပြီ ထင်ပြီးဝင်လာတာ၊
တကယ်လည်း နိုးနေပြီပဲ၊
ဒါလေးတွေ စားပြီး အားဖြည့်လိုက်
ပါဦး''ကုတင်ဘေးမှ စားပွဲခုံပေါ် ဗန်း
တင်ပေးပြီးသည်အထိ ထိုအမျိုး
သမီးကို မမှိတ်မသုန်စိုက်ကြည့်
နေမိသည်။ သူ့ရဲ့အပြူအမူက
ရိုင်းမှန်းသိပေမဲ့ ခုလိုအခြေအနေ
မှာ လူ့ကျင့်ဝတ်တွေလည်း နား
မလည်နိုင်တော့။ အရေးကြီးတာ
က ဒီနေရာကနေ အန္တရာယ်ကင်း
ကင်းနဲ့ ထွက်သွားနိုင်ဖို့ပဲ။"အဆိပ်တွေ မဟုတ်ပါဘူး၊
စားဖို့ရပါတယ်၊ အန်တီအရင်
စားပြရမလား''
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............