(Zawgyi)
နှစ်နှစ်ခွဲဆိုသည့် အချိန်သည် တရွေ့ရွေ့
ကုန်ဆုံးသွားခဲ့သည်။ ပိုင်စေယံလည်း
ခြေထောက်ပြန်ကောင်းသွားပြီဖြစ်
သလို မေ့နေသော အဖြစ်အပျက်များကို
သတိရကာ စိတ်လည်း အရင်လို
ပုံမှန်အတိုင်း ပြန်ဖြစ်သွားသွားသည်။
ကောင်းစေသော်ဝ်ပင်
တီတီတာတာစကားများပြောတတ်နေပြီဖြစ်သည်။"ကောင်လေးရေ ကိုကိုအလုပ်သွားဖို့
အဝတ်အစားပြင်ပေးပါဦး""ပေပေ သားသား ဗိုက်ဆာ"
ဒါကတော့ နံနက်တိုင်းဖြစ်နေကျ
ကိစ္စရပ်များပင်။ကလေးနှစ်ယောက်
ထိန်းမယ်လို့ကြွေးကြော်ခဲ့သော
သူကြီးမှာ သူကိုယ်တိုင်ပင် ကလေး
ဖြစ်၍နေသည်။ကိုကိုက သူ့ကိုယ်သူ
သားနဲ့ ယှဉ်ပြီး ဆိုးချင်နေသေးသည်။
သားဖအေအတွက် အဝတ်အစားများ
ပြင်ပေးပြီးကာမှ သားအတွက် မနက်စာ
ကျွေးဖို့လုပ်ရသည်။ ကိုကို့အတွက် အရင်
မလုပ်ပေးသေးဘဲ သားကို ဦးစားပေးမိပါလျှင်"ကိုကိုက ကောင်လေးနဲ့တစ်သက်လုံး
အတူနေပေးမယ့်သူနော်၊ သားကအချိန်
တန် အိမ်ထောင်ရက်သားကျရင် ကိုယ်တို့
ကို စွန်ခွာသွားမှာ ၊ကဲပြော
သားနဲ့ကိုယ် ဘယ်သူကပိုအရေးကြီးလဲ"ရဲစွမ်းရည်က တစ်ခါတလေကျ
သူ့ဥမှပေါက်သော သားကိုပင်မကျေ
မနပ်ဖြစ်တတ်သေးသည်။ ခေါက်ရိုးကျိုး
နေသောစကားများကို ကြားပျင်းသော
ကြောင့် ကိုကို့အတွက် အရင်ပြင်ဆင်ပေးရသည်။"ပြီးပြီလား ကိုကို မနက်စာလာစားတော့"
"အင်း ကောင်လေး ကိုယ့်ကို နက်(ခ်)
တိုင်လေးတစ်ချက်လောက်"သားကို မုန့်ခွံ့ကျွေးနေသည်ကို ကုန်းကုန်း
ကွကွဖြင့် စားပွဲတစ်ဖက်မှ နက်(ခ်)တိုင်
စည်းခိုင်းနေသောကြောင့် မျက်စောင်းထိုး
ကာ လုပ်ပေးလိုက်ရသေးသည်။
သားက သူ့အဖေနဲ့ လိုက်မပြိုင်ဘဲ
ငြိမ်နေလို့ တော်သေးသည်။
ကိုကိုက တမင်သူ့ကိုဒုက္ခပေးဖို့များ
မွေးဖွားလာလေလားမသိ။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............