Part 27

8.5K 793 10
                                    

(Zawgyi)

"​ကောင်​​လေး "

"ဗျာ"

ခေါ်သံကြောင့် စာကြည့်စားပွဲတွင်
ထိုင်ကာ စာလုပ်နေသော ပိုင်စေ
ယံက မော့ကြည့်လာသည်။
ကောင်လေးက စည်းကမ်းရှိသည်။စာ
ကျက်ချိန်တွင် တစ်ချိန်လုံး စိတ်ပါစွာ
တစိုက်မတ်မတ်ကျက်လေ့ရှိသလို
သူအနားယူချိန်မှအပြည့်အဝအနားယူ
လေ့ရှိသည်။
ထောင့်နားကပ်ထားသော ထိုင်ခုံတစ်
လုံးကို ဆွဲယူပြီး ကောင်လေးဘေးနား
သွားထိုင်လိုက်သည်။

"​ကျောင်းက ဘယ်​အချိန်​သွားရမှာလဲ"

"​​နေ့ခင်းမှပါ"

"ဟို... ဟို​လေ"

"ဟုတ် ကိုကို ပြောလေ''

ဘယ်ကစပြောရမှန်းမသိပေမဲ့
တည့်​ပဲ​ပြောချလိုက်​​တော့မယ်​ဟု
ဆုံးဖြတ်​လိုက်ကာ

"​နောက်​တစ်​ပတ်​ ​ကောင်​​လေးအ​ဖေ
တို့ကုမ္ပဏီနဲ့ ​ပေါင်းလုပ်​တဲ့ကုန်​တိုက်
ဖွင့်​ပွဲရှိတာသိတယ်​မလား"

"အင်း သိတယ်​​လေ "

"အဲ့ပွဲကို ကိုယ်​နဲ့အတူတက်​ရ​အောင်​လေ''

"​ပြော​တော့ ကျွန်တော်​​ကျောင်းပြီးမှ
အားလုံးကို ဖွင့်​​ပြောမှာဆို"

"ဟုတ်​တယ်​ ဒါ​ပေမဲ့ အခုက ​ငှါးထား
တဲ့သူက မလာနိုင်​​တော့ဘူး​လေ၊
ကိစ္စတွေက အဲ့လိုဖြစ်သွားတော့
ကိုယ်စဉ်းစားမိသလောက် အဲ့အစီ
အစဉ်ကသာ အကောင်းဆုံးဖြစ်နေတာ''

မွန်း​ဟေသီနာမည်​အားမထွက်​နိုင်
အောင်​ အတတ်​နိုင်​ဆုံး ဆင်​ခြင်​ပြီး
ပြောလိုက်​သည်​။ ရိပ်မိနေသော
ကောင်လေးက

"အဲ့​တော့ မမွန်း​ဟေသီက မတက်
တော့ဘူးတဲ့လား"

"အင်း"

"ဟွန့်​ မ​ပြောချင်​ဘူး ​ကျွန်​​တော်​နဲ့
တက်​ရမှာ သဘောကျရဲ့လား''

"သဘောကျပါတယ် ကောင်​​လေးရဲ့
သူများတွေလို မော်ဒယ်တွေ၊ idol
တွေနဲ့ ပွဲထုတ်မှာ မဟုတ်တော့
လူတွေရဲ့ စိတ်ဝင်စားမှု ပိုရမယ်လို့
ကိုယ်တော့ ယုံတယ်''

"ဟုတ်၊ အဲ့ဒါဆို အဲ့​နေ့အတူတက်
မယ်​လေ၊အဲ့တစ်​ပတ်​က self-study
ချိန်​ဆို​တော့​ကျောင်းလည်းသွားစရာမ
လို​တော့ဘူး"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now