(Zawgyi)
ဘွားဘွားကြီးက အခုထိသူ့ကို
နယ်ရုပ်သာသာသဘောထားနေ
တုန်းပင်။ သူတို့အတွက် လုပ်ပေး
သင့်တာထက်ပိုပြီး လုပ်ပေးခဲ့ပြီးပြီပဲ။
ကိုယ့်ကို မွေးစားတယ်ဆိုပြီး ဘာ
အခွင့်အရေးမှလည်း မပေးခဲ့။
ကိုယ်တိုင်လည်း လိုချင်လွန်းလို့
တော့မဟုတ်။ဒါကို တစ်ခါတစ်လေ
ကျ သူတို့ကျေးဇူးက တစ်သက်တာ
ဆပ်မကုန်သည့်ပုံစံဖြင့် ပြောသေး
သည်။ မြေးချင်းအတူတောင် သားဦး
က မွေးတဲ့မြေးအတွက်က ဦးစားပေး
ပြီး ကိုယ်က နောက်မှ။"Treasure Company က အလကားရှိနေတာ မဟုတ်ဘူး ဘွားဘွားကြီး ကျွန်တော့ယောက္ခမ Company ပါ ဘယ်ကိုမှသွားစရာမရှိရင်တောင်
အဲ့ကတော့ ကျွန်တော့်ကိုလက်ခံမှာပါ""ဟင် ကိုကိုက ဖေကြီးကုမ္ပဏီဆီ
ဝင်လုပ်မှာလား''တိုးတိုးလေးရေရွတ်သော်လည်း
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်
ကြောင့် ပိုင်စေယံ့အသံကို
ပြတ်သားစွာ ကြားရသည်။ထို့နောက် ဒေါ်မြမြတင်သည် ပိုင်စေယံအား မကြည်သောအကြည့်ဖြင့်ကြည့်၍ အခန်းထဲဝင်နေရန် အချက်ပြလိုက်သည်။ အလိုက်သိသောကောင်လေးမှာ ခေါင်းလေးငုံ့ရင်း အခန်းထဲဝင်မယ်လုပ်တော့
"ထိုင်ဦး''
ကိုကို့ရဲ့ပါးစပ်လှုပ်ရုံပြောသော
အပြောကြောင့် ဘာဆက်လုပ်ရမှန်းမသိ။
ဘွားဘွားကြီးရဲ့အကြည့်တို့ကလည်း
သူ့ဆီမှာရှိနေဆဲ။"ပိုင်စေယံက ကျွန်တော်လက်ထပ်ထားတဲ့သူပါ
ကျွန်တော်နဲ့ပတ်သက်တာမှန်သမျှ သူနဲ့သက်ဆိုင်တယ် ပြီးတော့ ကျွန်တော့်ဆုံးဖြတ်ချက်တိုင်းမှာလည်း
ဒီကောင်လေးရဲ့ သဘောထားတွေပါလိမ့်မယ် ဒါကြောင့် သူ့ကို မထီမဲ့မြင်မလုပ်ပါနဲ့ "ရဲစွမ်းရည်က ပိုင်စေယံလက်အား ဆုပ်ကိုင်ကာ ပြောလိုက်သည်။ ပိုင်စေယံမှာ
တော့ ဆုပ်ကိုင်ထားသော လက်ကို
ဖြုတ်ချလို့လည်းမရ။မတ်တပ်ရပ်လျက်သာ။"မင်းတို့ ငါ့ကို..... ရတယ်လေ နင်ပဲလက်လျှော့မလား တင်းခံမလားဆိုတာ စောင့်ကြည့်ရတာပေါ့ မနက်ဖြန်ကစပြီး ငါဒီမှာ လာနေမယ် ဒီနေ့တော့ ဒီလောက်ပဲ သွားမယ်"
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............