Part 50 [ End]

11.3K 661 8
                                    

(Zawgyi)

"​မွေး​နေ့ပွဲလုပ်​မလားသားသား"

မေးလိုက်​​သောအခါ အသည်းအသန်​ပင်
လုပ်​မယ်​ လုပ်​မယ်​ ​ဖြေ​သော​ကြောင့်​ 
စေ​သော်​ဝ်​​လေး​မွေး​နေ့ပွဲအတွက်
ပြင်​ဆင်​​ပေးရသည်​။ဒါတောင်
လူလည်လေးက အကြိုရော လုပ်ပေး
ဆိုပြီး ပြောသေးသည်။ဘာလို့လဲ မေး
လိုက်တော့ လက်ဆောင်နှစ်ခါရအောင်လို့
တဲ့။မွေးနေ့ကို တစ်နှစ်တည်းမှာ
နှစ်ခါ ကျင်းပနေချင်သေးသည်။
ကြိုမ​ပြော​သော​ကြောင့်​ ဖွားဖွားကြီး​ရော
ကိုကို့​မွေးစားမိဘများပါ ​စေ​သော်​ဝ်​​လေး
မွေး​နေ့အတွက်​ အလုပ်​များပစ်​ကာ
လာခဲ့ကြသည်​။

ဖွားဖွားကြီးဆိုလျှင်​ သူ့မြစ်​က​လေးကို
လက်​ထဲကပင်​မချချင်​။ သားလေးက
သူ့ကိုယ်သူ လူကြီးဖြစ်နေပြီဆိုပြီး
သူများအပေါ် ထိုင်နေရတာကိုမကြိုက်။
သားက အတင်းဆင်းလိုက်၊
ဘွားဘွားကြီးက ပြန်ဆွဲခေါ်လိုက်ဖြစ်နေသည်။

ဒီလို သာယာစို​ပြေ​သော မိသားစုဖြစ်
ဖို့အတွက်​ ​သား​လေး​မွေးဖွားလိုက်ခြင်း
်သည်​ ပိုင်စေယံအတွက် ​ဘယ်​​တော့မှ 
နောင်​တမရမယ့်​လုပ်​ရပ်​ဖြစ်​၍
ဂုဏ်​ယူ၍မဆုံးပင်​။

"​ဖေ​ဖေ သား​မွေး​နေ့ကိတ်​ခွဲ"

လက်​ပုတိုတို​လေးကို ​ရှေ့ထုတ်​ကာ
ဓားနဲ့ဖြတ်​သည့်​ပုံလုပ်​ပြ​နေသည့်​ 
မွေး​နေ့ရှင်​​လေးအတွက်​ အဖြူ​ရောင်
ဝမ်းဆက်​နှင့်​ အ​ပေါ်မှ အနီ​ရောင်​ကုတ်
အကျီင်္​လေးကို ထပ်​ဝတ်ထားသည်။
ဖြူဖြူဖွေးဖွေး လုံးတစ်တစ်လေး
ဖြစ်နေသောကြောင့် ဘယ်​လိုကြည့်​ကြည့်
လူတွေကြားထဲ ထင်းနေသည်။

"ခ်​ခ်​"

"သ​ဘောကျလို့လား သား"

မွေးနေ့ဦးထုတ်ဆောင်းပေးလိုက်ရင်း
မှန်ရှေ့သွားရပ်ကြည့်ခိုင်းလိုက်တော့
သူ့ဘက်လှည့်ရင်း သွားကျိုးလေးများ
ပေါ်အောင် ရယ်ပြလာသည်။

"ဟုတ်​ သားသား​ပျော်​.."

သားသာမက သူလည်း​ပျော်​ပါသည်​။
သား​​မွေး​နေ့ဖြစ်​သည့်​အပြင်​ ဝေးကွာ​နေ
သော​မိသားစုများ ဆုံ​တွေ့သည့်​​နေ့ဖြစ်
သော​ကြောင့်​။
ဒါနဲ့ သားပါပါးကို ခုထိမ​တွေ့ရ​သေး။
လူကြီး​တွေနဲ့ စုပြီးဝိုင်းဖွဲ့​နေသည်​ထင်​ပါ့။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Wo Geschichten leben. Entdecke jetzt