Part 46

8.3K 663 10
                                    

(Zawgyi)

"ဖြစ်​ပါ့မလား သားရယ်​ သားငယ်ကို
အန်​တီတို့အိမ်​ပဲပြန်​​ခေါ်သွားလိုက်​ပါ့မယ်​၊
သားငယ်​က သားကိုမှ သိပ်​လက်​မခံနိုင်​​သေးတာ"

မနက်ဖြန်ဆို ပိုင်စေယံ
ရုံဆင်းရမည့်နေ့ ရောက်ပြီဖြစ်
သည်။   ​ဒေါ်မီမီသွယ်​က စိတ်​မချ
သောကြောင့် သူမတို့နေအိမ်ကို
သာ ခေါ်ချင်နေသည်။

"မဟုတ်​တာ သူ​နေသားမကျဘဲ ပင်
ပန်းမယ်​မှန်းသိ​ပေမယ့်​ ကျွန်​​တော့်
မျက်​စိ​ရှေ့မှာပဲ ထားချင်​လို့ပါ၊
အဲ့လိုမှ ကျွန်​​တော်​လည်းစိတ်​​အေးနိုင်
မယ်​၊  ပြီး​တော့ ကြီးမြနဲ့ ​နောက်​အကူ
တစ်​​ယောက်​လည်း​ခေါ်ထားမှာဆို​တော့
တအားကြီးစိတ်​မပူလည်းရပါတယ်​"

"အဲ့လိုဆိုလည်း မတား​တော့ပါဘူးကွယ်​၊
သားငယ်​ကို​သေချာ​စောင့်​​ရှောက်​​ပေးပါ"

"ဟုတ်​ကဲ့ ​စိတ်​ချပါ"

"​မေ​မေ သား အိမ်​ကိုပဲပြန်​လိုက်​လာမှာ​နော်​"

ဆေးရုံဆင်းဖို့ပြင်​ဆင်​​နေရင်း ​ဝှီးချဲ​ပေါ်
ထိုင်​​နေရာမှ ပိုင်စေယံက မိခင်ရှိရာဘက်
လှည့်ပြောလေသည်။ အန်တီသွယ်
နှင့် ဆွေးနွေးပြီးသားဖြစ်သောကြောင့်
ရဲစွမ်းရည်က ဘာမှဝင်မပြောဘဲ
ဓာတ်ဗူးများကို ခြင်းထဲ
ပြောင်းထည့်နေလိုက်သည်။

"ဟို သားက သားတို့အိမ်​ပဲပြန်​လိုက်
နော်​ ၊ သားက အဲ့အိမ်​နဲ့ပတ်​သက်​တဲ့
အမှတ်​တရ ​တော်​​တော်​များများကိုပဲ 
ပျောက်​​နေခဲ့​တော့ အဲ့​နေရာမှ​နေမှ
သားရဲ့မှတ်​ဥာဏ်​​တွေမြန်​မြန်​သတိရ
လာလိမ့်​မယ်​"

"​မေ​မေက သားကိုပြန်​မ​ခေါ်ချင်
တော့ဘူးပဲ ၊ ရပါတယ်​ ကျွန်​​တော်
လိုက်​သွားပါ့မယ်​၊ ကိုကြီးဆိုရင်​လည်း
ခုထိကို လာမ​တွေ့​သေးဘူး"

ပိုင်စေယံစကားကြောင့် ရဲစွမ်းရည်
လက်တို့ ရပ်တန့်သွားသည်။
ကောင်လေးက ကိုကြီးအ​ကြောင်း
ရယ်၊  အခုလိုတွေ ဖြစ်နေရတာက
သူတို့မိသားစုပ​ယောဂမကင်းဘူးဆို
တာများသိရင်​ အခုလို သ​ဘော​ကောင်း
နိုင်​ပါ​ဦးမလား
တော့မလား။ တွေးမိရင်း ကြောက်
နေမိသည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now