Part 21

8.9K 826 4
                                    

ရဲစွမ်းရည်​၏ ရုံးခန်းတွင်​ ကပ်​ပါးတစ်​​ကောင်​​ရောက်​​နေ​လေသည်​။
သော်​ဒီနိုင်​သည်​ ပ​ရောဂျက်​ကြီးကြီးတစ်​ခုအားအဆုံးသတ်​နိုင်ပြီး
ဦးဏှောက်ဆေးဖို့ ဆိုကာရောက်နေခြင်းဖြစ်သည်။ ဖြတ်ထိုးဉာဏ်ကောင်းသောသူက
ပြသနာတွေကို အလွယ်တကူ ဖြေရှင်း
နိုင်သလို အလုပ်လုပ်ရင်လည်း
စိတ်နှစ်ကာ လုပ်တတ်သည်။
အပြင်ပန်းကြည့်ရင်သာ ပေါ့ပျက်ပျက်
ထင်ရပေမဲ့ သူတို့်အဖွဲ့ထဲမှာ တစ်ခုခု
ဆို သဲကြီးမဲကြီးလုပ်တတ်တာက
သော်ဒီနိုင် ထိပ်ဆုံးက။ အခုလည်း
အပန်းဖြေဖို့ မသွားဘဲ ဘာလို့များ
သူ့ဆီပဲ လာနေလည်းမသိ။
မောင်းထုတ်​၍လည်းမရဘဲ​နေ​သော​ကြောင့်
ဒီတိုင်းသားထားထားရသည်​။
ရုံးကလူတွေနဲ့သာမက
ဖေဖေတို့နှင့်လည်း ရင်းနှီးနေသောကြောင့်
သူ့ထက်ပင် ဆက်ဆံရေး ပိုအဆင်ပြေကြသေးသည်။

"စွမ်းရည်​ ညကျသွား​သောက်​ရ​အောင်​"

ဆိုဖာ​ပေါ်တွင်​​ကျောရိုးမပါသည့်​အတိုင်း ပျင်းရိစွာထိုင်​​နေ​သော ​သော်​ဒီနိုင်​သည်
နဖူးထောင့်ကို လက်ထောက်ကာ
ရဲစွမ်းရည်ဆီ လှည့်ကြည့်ရင်း ပြော
လိုက်သည်။

"မသောက်တော့ပါဘူးကွာ အမြဲသောက်
နေတာ ကျန်းမာရေးအတွက် မကောင်းဘူး၊
ငါတို့အသက်တွေလည်း ငယ်တော့တာ
မဟုတ်ဘူး၊ အသောက်အစားလေးလျော့''

စာရင်းစာအုပ်ဆီ ခေါင်းနစ်နေသော
ရဲစွမ်းရည်က သော်ဒီနိုင်ကို ပြန်မကြည့်
ဘဲ ပြောလိုက်သည်။

"တစ်​ခါတ​လေကို မင်းကလည်း"

"ဟို​နေ့ကမှ သွား​သောက်​ကြတာ​လေဟာ
သွားချင်​တခြား​ဘော်​ဒါ​တွေ​ခေါ်သွား ငါမလိုက်​နိုင်​ဘူး"

"မဟုတ်မှ အိမ်ကတစ်ယောက်ကို
စိတ်မချလို့လား''

"အင်း ။တစ်အိမ်လုံးမှ နှစ်ယောက်တည်း
ရှိတာလေ၊ အဲ့တော့ သူက ငါပြန်မလာမချင်း
မအိပ်ဘဲ ထိုင်စောင့်နေတော့ အားနာလို့''

မငြင်းဘဲ အမှန်အတိုင်းသာ ပြောလိုက်
သည်။ သူပြန်လာသည့်အချိန် ဧည့်ခန်း
ဆိုဖာခုံ​ပေါ် အိပ်ရင်း စောင့်နေတတ်
သော ကောင်လေးကို မြင်ယောင်မိသည်။
ကောင်လေးက သူမကြိုက်
သည့်အရာကို မကြိုက်ဟု ထုတ်မပြော
ပါ။ အဲ့ဒီအစား တစ်ဖက်လူက အားနာ
ပြီး ထိုအရာကို မလုပ်ဖြစ်အောင်သာ
ပြုမူတတ်သည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now