(Unicode)
ခန္ဓာကိုယ် အောက်ပိုင်းမှအနည်းငယ်
နာကျင်သည်မှအပ ကျန်သည့်နေ့များ
အတိုင်းပိုင်စေယံ အိပ်ရာမှနိုးထလာ
ခဲ့သည်။နာရီကြည့်လိုက်တော့ ကိုးနာရီခွဲ။
ဒီအချိန်ဆို ကိုကိုလည်း အလုပ်သွား
ဟန်တူသည်။ အိပ်ရာမှထရန်
စောင်ကိုလှပ်လိုက်သောအခါ
မနေ့က ဝတ်ထားသော အဝတ်အစား
များမဟုတ်ဘဲ အသစ်ဖြစ်နေသော
ကြောင့် အထက်ပုဂ္ဂိုလ်ကြီးတာဝန်
ကျေလိုက်လေခြင်းဟုတွေးကာ
ပြုံးလိုက်မိပြီး အိပ်ရာမှထရန် အားယူ
လိုက်သည်။ထိုအချိန်တွင် အောက်
ပိုင်းဆီက စူးအောင့်စွာခံစားလိုက်
ရသောကြောင့် ပြန်၍ထိုင်ချလိုက်ရကာ
ခုနက ချီးကျူးထားသည်များပင်
ပြန်နှုတ်ချင်စိတ်ပေါက်လာသည်။
ထိုအချိန်တွင် အခန်းတံခါးပွင့်လာ၍
ဝင်လာသောသူကို မော့ကြည့်လိုက်
တော့ တရားခံကြီးဖြစ်တဲ့ ကိုကို။အခန်းထဲဝင်လာတဲ့သူကို မျက်စောင်း
ထိုးကာ အိပ်ရာပေါ်တံခါးဘက်ကျော
ပေးရင်း လှဲချလိုက်သည်။
လူကို နာကျင်အောင်လုပ်တဲ့ အဲ့လူ
ကို မတွေ့ချင်ပါ။"အလုပ်မသွားဘူးလား"
"ကောင်လေးက ဘယ်လိုနေမှန်းမှ
မသိတာ၊ ကိုယ်သွားလိုက်ရင် အဆင်
မပြေမှာစိုးလို့ ပြီးတော့ မေမေတို့
ရောက်နေတယ်""ဘာ မေမေ ဘယ်သူလဲ "
ပိုင်စေယံက ငုတ်တုတ်ထထိုင်လိုက်
ကာ အလန့်တကြားမေးသည်။"အမေနှစ်ယောက်လုံးပဲ ကောင်လေး
မနေ့က စိတ်ဆိုးသွားလို့ လာချော့ကြ
ပုံပဲ ၊ အန်တီသွယ်က မေမေ့ကိုစစ်
ကူခေါ်လာတာထင်တယ်""အင်းပါ ကျွန်တော်မျက်နှာသစ်
လိုက်ဦးမယ်၊ ပြီးမှ ထွက်တွေ့တော့
မယ်၊ ဒါနဲ့ ကျွန်တော်ဘာလို့အခုချိန်ထိ
အိပ်နေတယ်လို့မမေးကြဘူးလား""ပင်ပန်းပြီးအိပ်နေတယ်လို့ ကိုယ်
ပြောထားပါတယ် စိတ်မပူပါနဲ့ကွ "မတ်တပ်ရပ်လိုက်သောအချိန်တွင်
စူးကနဲ နာကျင်မှုက ဝင်ရောက်
လာသည်။ နာကျင်၍ရှုံ့မဲ့သွားသော
မျက်နှာကို မြင်တော့ ကိုကိုက
![](https://img.wattpad.com/cover/235141776-288-k93745.jpg)
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............