Part 37

7.8K 689 10
                                    

(Unicode)

(Unicode)

(Zawgyi)

"ပြန်လာပြီလား အစောကြီးရှိသေးတာ
ကို ၊ ဖုန်းဆက်လိုက်တာမဟုတ်၊
ကိုယ်လာကြိုမှာပေါ့''

အိမ်ရှေ့မှ ကားဟွန်းသံကြား၍ စာ
ကြည့်ခန်းထဲမှ ထွက်ကာ ရဲစွမ်းရည်
လှမ်းမေးလိုက်သည်။ကောင်လေးရဲ့
ပုံစံက သောက်ထားတာမဟုတ်သော
ကြောင့် အသွားတုန်းကလို
လန်းဆန်းနေတုန်း။

"ပြန်လာပြီပေါ့ဗျ ဟိုမှာသူများတွေ
​သောက်စားနေကြတာကို ကျွန်တော်
က ထိုင်ကြည့်နေခဲ့ရတာ၊  ဘဝက
အဆင်မပြေဘူး ဉာဏ်များတဲ့အဖိုး
ကြီးကြောင့်"

"ကဲပါ ကောင်လေးကလည်း ကိုယ့်
ကိုစိတ်မဆိုးပါနဲ့၊
ညောင်းနေရင်နှိပ်ပေးမယ်လေ"

မျက်စောင်းထိုးကာ ပြောလာသူကြောင့်
ပုခုံးနှစ်ဖက်ကို လက်ဖြင့် နှိပ်ပေး
လိုက်သည်။ ထိုအခါ လက်တို့က
ဖယ်ချခံလိုက်ရပြီး

"စိတ်ကတော့မဆိုးရဲတော့ပါဘူး
တစ်ခါတည်းနဲ့မှတ်သွားပြီ၊ ဒါနဲ့
ညစာစားပြီးပြီမလား၊ ကျွန်တော်
တက်တော့မယ်၊ လူကငြီးစီစီနဲ့
ရေချိုးချင်နေပြီ"

ကောင်လေးက စိတ်ထဲမကျေနပ်ချက်
တွေရှိနေတာတောင် တခြားသူအတွက်
စိတ်ပူပေးနေသေးသည်။
ထိုအချိန်တွင် ခပ်ညစ်ညစ်စိတ်ဓာတ်က
လေးက ပေါ်လာသောအခါ

"ကိုယ်နဲ့အတူချိုးကြမယ်လေ၊
ငယ်တုန်းကလို ကျောကုန်းကို
ဂျီးတွန်းပေးမယ်"

"ဂျီးမရှိပါဘူး ၊ ကျွန်​တော်က နေ့တိုင်း
ရေချိုးနေတဲ့ဟာ၊  စကားနဲ့တင်
ကျေးဇူးတင်ပါတယ် ၊ကြောက်လွန်းလို့ပါ"

"အားမနာပါနဲ့ လာပြီနော် "

"ဟာ... ကိုကို တော် တော်ပြီလို့... "

ရေချိုးခန်းတွင်း ဝင်သွား​သောသူ၏
​နောက်မှ ထပ်ကြပ်မကွာ လိုက်ဝင်
သွားလိုက်သည်။ ထိုနေ့က ရေချိုးခန်း
ထဲ အချိန်တော်တော် ကြာခဲ့သည်။

နောက်တစ်နေ့ရုံးဆင်းချိန်တွင်
လက်ချင်းတွဲကာ အပြင်ထွက်ခဲ့ကြ
သည်။ အတိအလင်းကြေငြာထား
ပြီးသား ဖြစ်သော်လည်း အစပိုင်းတွင်
လူတွေဆီက ခနခနအကြည့်ခံရသည်။
ကြာလှတော့ ယဉ်ပါးသွားသည့်
မြင်ကွင်းဖြစ်သွားသောကြောင့်
တကူးတကကြည့်ကြသည့်သူများမရှိတော့။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now