(Unicode)
"ဆရာ၊ သားရဲ့အခြေအနေက ဘယ်
လိုရှိလဲဟင်''ခွဲစိတ်ခန်းရှေ့ရောက်ခိုက် အထဲမှ
ထွက်လာသော ဆရာဝန်အား ဦးမြတ်
နိုင် အသက်ပင်မရှူတော့ဘဲ အမော
တကောမေးလိုက်မိသည်။နဖူးမှ ချွေး
စီးများ စီးကျနေသော်လည်း သားဇော
နဲ့မို့ ဘာကိုမှ သတိမရတော့။
ဖြတ်သွားတဲ့ သူတွေက လှည့်ကြည့်၊
လှည့်ကြည့်နှင့်။"စိုးရိမ်စရာ အခြေအနေတော့ ကျော်
ဖြတ်ပြီးပါပြီ ၊ခနနေလောက်ဆို
ရိုးရိုးလူနာခန်းထဲရွေ့လို့ရပါပြီ""ဟုတ်ကဲ့ ကျေးဇူး ကျေးဇူးပါဆရာ"
မြတ်မင်းယံက သားကြီးဩရသ
ဖြစ်သည့်အပြင် အားကိုးရသည့်
ကလေးတစ်ယောက်
ဖြစ်သည်မို့ ဦးမြတ်နိုင်အချစ်ပိုရပါသည်။
မိဘအပေါ်သိတတ်သော၊ ညီနှင့်ညီမ
အပေါ်တွင် တာဝန်ကျေပွန်သည်
ထက်ပိုသော သားကြီးက သူ့အတွက်
တော့ ဆုလာဒ်ကောင်းတစ်ခုသည်သာ။
ထို့ကြောင့် မိမိ၏ CEO တစ်ယောက်
ဟူသောဂုဏ်ကိုဖယ်ကာ ထိုဆရာဝန်
တို့အဖွဲ့အား ကျေးဇူးတင်စကားအထပ်
ထပ်ပြောနေတော့သည်။ရိုးရိုးလူနာခန်းသို့ ပြောင်းရွေ့ပြီးသည်
အထိ သားကြီးမှာ သတိမရသေးပေ။
အောက်စီဂျင်ပိုက်တပ်ဆင်ထားသော
ကုတင်ဘေးတိုင်တွင်ထောင်ထား
သော ပုလင်းထဲမှဆေးရည်မှအပ
မည်သည့်လှုပ်ရှားမှုမှမရှိဘဲ
အခန်းသည် တိတ်ဆိတ်နေသည်။"ဖေဖေ သားစားစရာတစ်ခုခုသွား
ဝယ်လိုက်ဦးမယ် ၊ကိုကြီးကြည့်ရတာ
ခနနေနိုးလာတော့မယ်ထင်တယ်၊
မြန်မြန်သွားပြီး ပြန်လာခဲ့မယ်''"အေးကွယ် သေချာဂရုစိုက်သွားနော်"
အခန်းပြင်ထွက်သွားသော သားငယ်
ကို ဖြေရင်း သားကြီးဆီသာ အာရုံ
သို့ ပို့ထားမိသည်။တစ်ခဏခန့်ကြာသော်...
"ဟိုဦးလေး လူနာအတွက် လိုအပ်တာ
တွေ form ဖြည့်ဖို့ ကောင်တာကို
သွားပေးလို့ရမလားရှင့်"
![](https://img.wattpad.com/cover/235141776-288-k93745.jpg)
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............