(Unicode)
(Unicode)
ပိုင်စေယံစာမေးပွဲဖြေနေစဉ် အတော
အတွင်း ကိစ္စတော်တော်များများဖြစ်
ပွားခဲ့သည်။
သူတို့နှစ်ဦးလက်ထပ်ပြီးကြောင်းများ
လိုင်းပေါ်ပလူပျံနေချိန် မွန်းဟေသီနှင့်
ရဲစွမ်းရည်တွဲရိုက်ထားသောပုံများပါ
တက်လာကာ ဘယ်သူက စနှိုက်ကျော်
တာလဲအစရှိသော caption ပေါင်းစုံ
ဖြင့်ပုံများတက်လာသည်။
ရိုက်ထားသည့်ပုံများမှာ skin-ship
တစ်ခုမှမရှိသောပုံများဖြစ်နေသော
ကြောင့်တချို့သူများက အတွဲမဟုတ်
နိုင်ဟု မှတ်ချက်ချကြသည်။ မွန်းဟေသီ
ကိုလည်း အားနာသောကြောင့်
ဘယ်သူစ, တင်သလဲသိလားဟု
မမေးရဲပေ။ ပိုင်စေယံမှာ social
media သုံးရတာထက် ဂိမ်းဆော့
ရတာကြိုက်သောသူဖြစ်သောကြောင့်
တေ်သေးသည်။ စာမေးပွဲအတွင်း
.သူငယ်ချင်းများနှင့်ဆက်သွယ်ရန် messenger နှင့် ဂိမ်းဆော့သည်
မှအပ ကျန်သည့် social media
များမသုံးပေ။ထိုအချိန်တွင် သူ့သူငယ်ချင်းများအား
လိုင်းပေါ်မှအကြောင်းများ မပြောမိ
စေရန် ကတိတောင်းရသေးသည်။
ဇွဲရန်နိုင်မှတစ်ဆင့်ကျန်သည့်သူငယ်
ချင်းများအားဖုန်းဆက်ကာ အကျိုး
အကြောင်းပြောသည့်အခါ
'သူတို့သူငယ်ချင်းကိုသာ မထိခိုက်စေနဲ့
စာမေးပွဲအတွင်းအပြီးဖြေရှင်းထား
စာမေးပွဲပြီးရင်တော့ တာဝန်မယူဘူး
'ဟုဆိုကြသည်။
'မယ်မင်းကြီးမတို့ရယ် ကျွန်တော်လည်း
ကြောက်ပါတယ်' ဟုသာ စိတ်ထဲ
တွေးလိုက်ရသည်။ချီးမွန်းခုနစ်ရက် ကဲ့ရက်ခုနစ်ရက်
ဆိုသလို ကြာလာတော့
ပိုင်စေယံစာမေးပွဲမပြီးခင်မှာပင်
ထိုပြသနာများ ငြိမ်းအေးသွားသည်။
အနောက်ကလည်း ငွေဖြင့်တော်တော်
လိုက်ပိတ်လိုက်ရသည်။ဒီနေ့သည်ကား ပိုင်စေယံစာမေးပွဲ
နောက်ဆုံးနေ့ဖြစ်သောကြောင့် သူ့ကို
ကြိုဖို့ စောင့်နေရသည်။ လွန်ခဲ့သော
နှစ်တွေက လက်ထဲမှ အနှီးထုပ်ဖြူဖြူ
ထဲက ကလေးလေးတောင် ဘွဲ့
ရတာ့မှာလား တွေးလိုက်မိသည်။
ဒါပြီးရင်တော့ ကတိပေးထားသည့်
အတိုင်း သူလုပ်ချင်တဲ့ gamer ဖြစ်
အောင် ပံ့ပုံးပေးရဦးမည်။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............