"မွန်း ဟိုဘက်နဲ့ကြော်ငြာရိုက်ဖို့က
ဘယ်လိုလဲ။ ဆက်လုပ်မှာလား''အယ်ဘမ်ကြည့်ရင်း စိတ်အေးလက်အေး
နေနိုင်လွန်းသော မွန်းဟေသီိကို မန်နေဂျာဖြစ်သူက မေးလိုက်သည်။"ဘယ်ဟာကိုလဲ အမ"
အရှေ့မှ ထိုင်နေသော မန်နေဂျာဆီသို့
အကြည့်တစ်ချက်ပို့ရင်း ရှေ့သို့ကျ
နေသော ဆံနွယ်ရှည်တို့ကို နားရွက်
နောက်သို့ သပ်တင်ရင်း ပြန်ဖြေလိုက်သည်။"ဟို ရဲစွမ်းရည် လာကမ်းလှမ်းတဲ့ဟာလေ ဖြစ်ပါ့မလား"
"အမက ဘာကိုဆိုလိုချင်တာလဲ "
လက်ထဲမှ စာအုပ်ဆီ အကြည့်ပြန်ပြောင်း
လိုက်ရင်း စာရွက်များ လှန်နေလိုက်သည်။မွန်းနဲ့သူနဲ့က တွဲခဲ့ဖူးတော့ အလုပ်ရတာ အဆင်မပြေမှာ စိုးလို့ပါ "
"ပြေမှာပါ အခုက သရုပ်ဆောင်ဘက်တောင် လိုင်းပြောင်းနေတာကို။ ကြော်ငြာရိုက်ဖို့ပဲမလား။ ဒီလိုပဲ ဖြတ်သန်းရမှာပေါ့ ကိုယ့်အတွက်ပဲလေ"
အမှန်အတိုင်းဝန်ခံရရင် မွန်းဟေသီ ရဲစွမ်းရည်နှင့် အလုပ်တွဲလုပ်ရမည်ကို ကြောက်နေမိသည်။
သူ့ဘက်က ဘယ်လိုသဘောထားလဲမသိပေမဲ့
ကိုယ်ကတော့ ခုထိမပြတ်ချင်သလိုပင်။
သူ့ဘက်က ပေးသောအခွင့်အရေးကို လက်မခံခဲ့သည်မှာ ကိုယ်တိုင်သာဖြစ်သောကြောင့် မစားရသည့်အမဲ သဲနှင့်ပက်ဆိုသလိုအထင်ခံရမှာစိုးသည်။
ဟိုတလောက ဒယ်ဒီဖြစ်စေချင်သော အကြောင်းအရာတချို့ကို ပြန်စဉ်းစားကြည့်သောအခါ သူမအား
သူတို့ဘက်မှ သဘောတူစေချင်သည်ဟု ယူဆရသည်။
မွေးစားဖခင်သည် ဘယ်လိုအကြောင်းတရားများကြောင့် ယခုကဲ့သို့လုပ်နေသည်ကိုကား နားမလည်နိုင်ပေ။
သူ၏မိဘများမှာလည်း သူမကိုဆိုလျှင် ခါးခါးသီးသီးဖြစ်ခဲ့သလောက် အခုလက်ထပ်ထား
သော ကောင်လေးကိုဆို သည်းသည်းလှုပ်
ချစ်ကြသည်။
ထင်ထားခဲ့သည်က စွမ်းရည်တို့၏ သာမာန်
မဟုတ်သော အိမ်ထောင်ရေးသည်
တစ်နေ့မှာ အက်ကွဲကြောင်းပေါ်လာလိမ့်
မည်ဟူ၍။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............