Part 9

11.3K 1.2K 7
                                    

(Zawgyi)

ကျောင်းက ပြန်ရောက်သည်နှင့်
အဝတ်အစားလဲကာ အိမ်အောက်
ပြန်ဆင်းခဲ့ရသည်။
သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်သွားပြီး
ယောင်ဝါးဝါးလုပ်ဖို့ ဝေးစွ။
အပြင်ထွက်ပြီး မုန့်တောင် မစားနိုင်တော့။
ဘွားဘွားကြီးအိမ်မှာ နေတဲ့နေ့ကစပြီး
အိမ်မှာပဲ ကပ်နေရသည်။
အပေါင်းအသင်းတွေကတောင်
အိမ်မှာ ဘာတွေများ ဖွက်ထားလို့
အတန်းပြီးတာနဲ့ ချက်ချင်းပြန်ချင်နေတာ
လဲ ဆိုပြီး မေးခွန်းထုတ်ကြသေးသည်။
မနက်က ချက်ထားသော ထမင်းကို
ညနေမစားတတ် ဟု ဆိုသော
ဘွားဘွားကြီးကြောင့် ဆန်အိုးထဲမှ
ဆန်ကိုယူရင်း ထမင်းအရင်ချက်
ဖို့ ပြင်ရသည်။ သည်းခံစိတ်ကို
ဂိတ်ဆုံးအထိ ဆွဲချထားပြီး ခိုင်း
သမွ် လုပ်ပေးမယ်လို့သာ တွေးထား
သည်။ ဘွားဘွားကြီးပြောခဲ့ဖူးသော
မွန်း ဆိုတဲ့ နာမည်က သူ့စိတ်ထဲ
ရင်းနှီးနေသလိုဖြစ်ပေမဲ့ ဘယ်သူမှန်း
အတွေးမပေါ်ခဲ့။ မေးလိုက်ရင်လည်း
ပြောပြကြမှာ မဟုတ်ကြ။
ကိုကိုတို့ဘက်က မပြောမချင်း
သူလည်း မသိသလို နေမယ်လို့
တွေးထားပြီးသား။

ဟင်းချက်ဖို့ကတော့ မလိုတော့။
မေနွယ်တို့အိမ်မှ အဒေါ်ကြီးက
ညနေစာပါ ကြိုချက်ပေးခဲ့သော
ကြောင့် နွေးဖို့သာ လိုသည်။
ကျောင်းဖွင့်တဲ့ရက်တွေတော့
ပုံမှန်နေ့တွေထက် သက်သက်
သာသာ နေရသည်။

"ထမင်းစားတော့မလား ဘွားဘွားကြီး''

ဧည့်ခန်းတွင် ခြေချိတ်ထိုင်ကာ
စာအုပ်ဖတ်နေသော ဘွားဘွားကြီး
အား မေးလိုက်ခြင်းဖြစ်သည်။
ဘွားဘွားကြီးလက်ထဲတွင် တရားစာအုပ်
မျိုး တစ်ခါမှ မတွေ့ရဘဲ
စီးပွားရေးနဲ့ ပတ်သက်တာတွေသာ
တွေ့ရသည်။ ပြည့်စုံတယ်ဆိုတဲ့
သူတွေက ပိုပြီး လောဘတက်လွန်းသည်။

"မင်းရော တစ်ခါတည်း ဝင်စားလေ"

ဘွားဘွားကြီးက စားပွဲဝိုင်းဘေးနား
ရပ်စောင့်နေသောသူ့ကို အတူစား
ခိုင်းစေချင်ပေမယ့် မစားရဲပါ။
ကိုကြီး၏ အဖြစ်အပျက်များနှင့် ထိုးနှက်မှာကို ကြောက်နေသောကြောင့်ပင်။
ထမင်းစားနေတုန်း စိတ်အနှောင့်အယှက်ဖြစ်
စရာမျိုး ပြောလာလျှင် ဆက်မစားတတ်
တော့တာ ငယ်ငယ်တည်းက ရှိခဲ့တဲ့
အကျင့်။ မေမေတို့နဲ့ နေတုန်းကတော့
ထမင်းစားနေချိန် အပြစ်ပြောလာပါက
ဆူအောင့်ကာ ထွက်သွားလို့ရသေး
သည်။ ဘွားဘွားကြီးရှေ့မှာတော့
မလုပ်ရဲပါ။ 
ထွက်သွားသောသူက စိတ်ချလက်ချ
အေးဆေးထွက်သွားပေမဲ့
အပြစ်များက သူ့ခေါင်းပေါ်သာ ကျရောက်
နေသည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now