Part 11

11K 1K 13
                                    

(Zawgyi)

ပိုင်​​စေယံတို့မိသားစုသည်​ ရဲစွမ်းရည်​တို့​လောက်​ မချမ်းသာရင်​​တောင်​ မနိမ့်​ကျ​ပေ။ ​မောင်​နှမသုံး​ယောက်​အနက်​ နှစ်​​ယောက်​သာ ကျန်​ခဲ့ကာ အငယ်​ဆုံးမှာလည်း အထက်​တန်းပင်​မပြီး​သေး​သော​ကြောင့်​ ပိုင်​​စေယံအား ပစ္စည်းများခွဲ​ဝေ​ပေးထားမည်​ဟု ယူဆကြသည်​။
ပိုင်​​စေယံ​ပေးလိုက်​​သော ​ဒေါ်ြ​မမြသွင် လက်​ထဲမှစာအိတ်​သည်​ စာချုပ်​တစ်​ခုခုဟု ထင်ေ​နကြသည်​။
ဘွားဘွားကြီးနဲ့ ပိုက်စေယံက အဆင်မပြေပုံ
ကို ရိပ်မိသော သူများကတော့ ဒီကောင်လေး
ဘယ်လိုများ လာဘ်ထိုးမလဲဆိုကာ စိတ်ဝင်စား
နေကြလျက်။

"ဘွားဘွားကြီးအတွက်​ ကျွန်​​တော့်​ရဲ့လက်​​ဆောင်​ပါ။
လူ​တွေက ဘွားဘွားကြီးကို ​ပေးဖို့​မေ့​နေကြတာ ကျွန်​​တော်​က သတိတရနဲ့လုပ်​​ပေးထားတာ။ ပြီး​တော့ ကျွန်​​တော့်​​မေ​မေက ​ပြောဖူးတယ်​ တန်​ဖိုးနည်းသည်​ဖြစ်​​စေ များသည်​ဖြစ်​​စေ စာအိတ်​နဲ့​ပေးမှ အမြင်​သင့်​​တော်​တာတဲ့ ၊၊ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်
ဘွားဘွားကြီး ''

ပိုင်​​စေယံ၏အ​ပြော​ကြောင့်​ အားလုံးက စိတ်​ဝင်​စားလာကြသည်​။ လူတိုင်းက​ပေးဖို့​မေ့​နေကြ​သော တစ်​​ယောက်​မှမ​ပေးဖူး​သောအရာသည်​ မည်​သို့ လက်​​ဆောင်​များလဲဟု အားလုံးက ပ​ဟေဠိဖြစ်​​နေကြသည်​။ ထို့​ကြောင့် ​ဒေါ်မြမြသွင်​အား စာအိတ်​အားဖွင့်​ကြည့်​ရန်​​ပြောကြ​လေသည်​။ အားလုံးလိုလိုက စိတ်ဝင်စား
နေသောအခါ သူမလည်း ဘာမှမပြော
တော့ဘဲ
စာအိတ်​အားဖြည့်​ကြည့်လိုက်သည်။
ထိုအခါ ထွက်​လာသည်​က
'တရားစခန်းဝင်​ခွင့်​စာရွက်​'

"ဒါက"

ဘွားဘွားကြီးအပါအဝင်​ အားလုံးဆွံ့အသွားကြသည်​။ ပိုင်စေယံကဆက်ပြီး

"ဘွားဘွားကြီးအတွက်​ သံသရာအထိပါမယ့်​လက်​​ဆောင်​ပါ ဘွားဘွားကြီး အသက်​က ခုနှစ်​ဆယ့်​ငါးနှစ်​ပြည့်​ဆို​တော့ လူ့​လောကမှာ​နေရမယ့်​သက်​တမ်းထက်​​တောင်​များ​နေပြီ​လေ။ အခု လူ့သက်​တမ်းက ခုနစ်​ဆယ့်​​လေးနှစ်​မလား အဲ့ဒါ​ကြောင့်​ ဘွားဘွားကြီး တရားဘာဝနာအားထုတ်​လို့ရ​အောင်​ စီစဉ်​ထားတာ
အများကြီးမဟုတ်​ပါဘူး။ ဝါဝင်​​တော့မှာဆို​တော့ ဝါတွင်းသုံးလတရားစခန်းကိုပဲ ​ရွေးလိုက်​တယ်​"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Nơi câu chuyện tồn tại. Hãy khám phá bây giờ