(Zawgyi)
လူသည် ခါတိုင်းနေ့တွေထက် ပိုနွေးနေသလို ခံစားရသည်။ညက air-con အရှိန်များ
လျော့ထားမိလေသလား။ ရာသီဥတုကပဲပူလာလို့လားသေချာမသိ။ ဖက်နေကျ ဖက်လုံးသည်လည်း အရင်ထက်ပိုကြီးနေသည့်အပြင် မာပြီး
တင်းနေသယောင်။ပိုင်စေယံ မျက်လုံးလေး မပွင့်တပွင့်ဖွင့်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်
မိတော့"နိုးပြီလား နိုးရင်လည်းထတော့ ငါညောင်းနေပြီ"
ကြားလိုက်ရသောအသံကြောင့် မျက်လုံး
ကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီးမှ
ုပြူးလျက် ဗြုန်းကနဲ အိပ်ရာမှထလိုက်သည်။
ဘယ်လောက်တောင် အအိပ်ကြမ်းလိုက်
လဲ မသိ။ ခြေရော၊လက်ပါ မက ကိုကို့ကို
တစ်ကိုယ်လုံးခွကာ ဖက်အိပ်ထား
သေးသည်။"ဟင် ကိုကို ကျွန်တော် ကိုကို့ကိုဖက်ပြီးအိပ်ပျော်နေတာလား ဖက်လုံးရော"
"ဟိုမှာလေ မင်းကန်ချထားတာမလား
ညတုန်းက ပြောတော့ အိပ်ရာနိုးလာ
ရင် စ,အိပ်တဲ့အတိုင်းပဲဆို အခုကျ
တကိုယ်လုံး ငါ့ပေါ်ရောက်နေတာ
ဖျစ်ညစ်ထားလိုက်တာများ ကိုယ်သာ
ရေစိုအဝတ်ဆို ခြောက်တောင်ခြောက်
နေလောက်ပြီ''ရဲစွမ်းရည်ပြောရင်း မေးငေါ့ပြရာနေရာသို့
ကြည့်မိတော့ ဖက်လုံးလေးမှာ
ကုတင်အောက်၌အထီးကျန်စွာ..'အဲ့..အဲ့ဒါက အိပ်ရာအပြောင်းအလဲ
ဖြစ်လို့ပါနော် ''ဘာမှပြန်မပြောဘဲ ရယ်နေသော
ကိုကို့ကြောင့် ပိုင်စေယံမှာ စိတ်
ဆိုးလာပြီး" ပြီးတော့ ကိုကိုကရော အစောကြီးနိုးနေပြီး ဘာလို့မခွာတာလဲ
ကျွန်တော့်ကို အသားယူနေတာလား""အသားယူတာကဘယ်သူလဲ တစ်ကိုယ်လုံး ငါ့ကို တက်ခွထားပြီး ပြီးတော့ နေပါဦး မင်းဘာသာ တက်ခွတာဖြစ်ဖြစ် ဖက်တာဖြစ်ဖြစ် ဟော မကျေနပ်လို့ ဆောင့်ကန်လည်းဘာမှမဖြစ်ဘူး
မင်းမှာလုပ်ပိုင်ခွင့်အပြည့်ရှိတယ် ငါက မင်းလက်ထပ်ထားတဲ့ မင်းယောက်ျားပဲဟာ"ပုခုံးနားကပ်ကာ တိုးတိုးပြောလိုက်တော့
ခန္ဓာကိုယ်လေးက တုန်တက်သွားသေး
သည်။ သူ့ကို ပြောချင်သလိုပြောနေတာ။
ပြန်ပြောတော့ကျ မခံနိုင်ဘဲ။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............