(Zawgyi)
"ဖြေလေလို့"
ဦးမြတ်နိုင်က မွန်းဟေသီထိုင်နေ
သော ကြမ်းပေါ်သို့ချထိုင်ကာ
ပုခုံးနှစ်ဖက်အား ကြမ်းတမ်းစွာ
လှုပ်ကိုင်ပြောလိုက်သည်။"သူက ကျွန်မကိုမွေးပေးခဲ့တဲ့အမေ"
မွန်းဟေသီပါးစပ်မှ တစ်လုံးစီပြော
ထွက်ခဲ့သောစကားများသည် ဦးသန်းနိုင်
ရင်ထဲထိုးဝင်လာသောမြှားအစင်းများ
ပမာ စူးနစ်စွာခံစားလိုက်ရသည်။
ခန္ဓာတစ်ခုလုံးသည် အားပျက်သလို
ပျော့ခွေသွားကာ
စိတ်ပျက်လက်ပျက်နှင့် စိတ်ကုန်
သလို ထိုင်ချလိုက်ပြီး မွန်းဟေသီ
မျက်နှာဆီ တည့်တည့်ကြည့်သည်။"မဖြစ်နိုင်တာ အဲ့တုန်းက သူကိုယ်
တိုင်ပြောခဲ့တာ၊ သမီးလေးက
သေသွားပြီတဲ့၊ ပြီးတော့.. . ပြီးတော့
သူက တခြားတစ်ယောက်နဲ့လက်ထပ်
သွားတယ်လေ""သမီးလည်း မသေခဲ့သလို မေမေ
ဟာလည်း အိမ်ထောင်မပြုခဲ့ပါဘူး၊
အဲ့တုန်းက ဒယ်ဒီရဲ့မိဘတွေ
စနက်ကြောင့်သာ မေမေကသမီးကို
ခေါ်ပြီးအဝေးကိုထွက်သွားခဲ့တာ
ပြီးတော့ ဒီဟာက"မွန်းဟေသီက ဦးသန်းနိုင်ဆီ တွေ
တွေလေး ပြန်ကြည့်ကာ ဝတ်ထား
သော အကျီင်္ကို ဗိုက်သား ပေါ်အောင်
လှန်လိုက်ရင်း ဗိုက်ရှိ
အနီရောင် စာမှတ်လေးအား
ပြလိုက်သည်။"ဒီဟာ မြင်ရင်တော့ သိလောက်
မှာပါ မေမေက ပြောဖူးတယ်
ဖေဖေအမြဲပြောနေခဲ့တာက
ဒီအမှတ်လေးက သမီးအတွက်
ကံကောင်းခြင်းလက်ဆောင်တဲ့''"မဖြစ် မဖြစ်နိုင်တာ"
ဦးသန်းနိုင်၏ ကမ္ဘာကြီးတစ်ခုလုံး
အိုးထိန်းစက်ပမာချာချာလည်သွား
သည်။အမှန်တရားတစ်ခုက
သက်သေနှင့်တကွ မျက်စိရှေ့
ရောက်နေသော်လည်း
ယုံဖို့အတွက် ခက်ခဲနေသည်။
ထိုအခြေအနေကို
အခွင့်ကောင်းယူကာ မွန်းဟေသီက
ရဲစွမ်းရည်ဘက်သို့ လှည့်ကာ"စွမ်းရည် နင့်ကောင်လေးကို
မြန်မြန်ခေါ်သွား ၊အခြေအနေမ
မကောင်းတော့ဘူး"
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............