(Unicode)
(Unicode)
(Zawgyi)
နေ့ရက်တို့ကို ဖြတ်သန်းကာ အချိန်တွေ
ကုန်ရင်း ပိုင်စေယံပင်
ဘွဲ့ယူရမည့်နေ့သို့ရောက်လာသည်။
အနက်ရောင်ဘွဲ့ဝတ်စုံပေါ်တွင်
အစိမ်းရောင်လည်ပင်းစွပ်နှင့် ကောင်
လေးသည် ဘယ်လောက်ထိ ပျော်ရွှင်
နေမှန်း မျက်နှာတွင် ပေါ်လွင်နေသည်။
မျက်လုံးနှင့်သာမက ကင်မရာနှင့်လည်း
ထိုပုံစံလေးကို မှတ်တမ်းတင်မိသည်မှာ
အကြိမ်ကြိမ်ပင်။"ကိုကို တော်တော့လို့ အထဲဝင်ပြီး
ပြန်ထွက်မှ ဆက်ရိုက်ကြမယ် အခု
ကျွန်တော်ဗိုက်ဆာလို့ မုန့်စားလိုက်ဦးမယ်"ပိုင်စေယံတို့ ဘွဲ့နှင်းသဘင်သည်
ဝိဇ္ဇာ၊ သိပ္ပံ ခွဲခြားထားကာ သိပ္ပံဘာ
သာဘွဲ့ရသော ပိုင်စေယံတို့သည်
မနက်ခင်းတွင် ဘွဲ့ယူရခြင်းဖြစ်သည်။
ရန်ကုန်မြို့ပြ၏ နံနက်ခင်းအပူချိန်
သည် သိပ်မထူးကဲသေးသော်လည်း
ဝတ်ရုံကိုမချွတ်တော့ဘဲ ဆောင့်
ကြောင့်ထိုင်စားနေသော ကောင်လေး
အား နေမပူစေရန် အရှေ့မှ ကာ၍
သူ့အရိပ်ဖြင့်အပူသက်သာစေလေသည်။
ဘေးနားက မိဘများမှ ပြုံးစိစိဖြင့်
ကြည့်နေကြသော်လည်း မရှက်နိုင်။
သူ့ခင်ပွန်းလေးကို နေပူရှိန်တိုက်ရိုက်
မထိဖို့ကသာ သူ့ကိစ္စ။"ပြီးရင် ကျွန်တော် ဇွဲရန်နိုင်တို့နဲ့ friendship goal ရိုက်ဦးမှာနော်
အဲ့ကောင်ဘယ်ရောက်နေလဲမသိဘူး"စားနေရင်း ပတ်ဝန်းကျင်ကို လှည့်ကြည့်
ကာ ပလုတ်ပလောင်းနှင့်ပြောလာသော
သူကြောင့် နှုတ်ခမ်းဘေးပေနေသော
ပေါင်မုန့်တို့ကို လက်နှင့်ဖယ်ပေးလိုက်ပြီးမှ"အစားအရင်စားပါကွ ကိုယ်သိပါတယ်၊
သော်ဒီနိုင်လည်း ရောက်နေတယ်တဲ့
ကိုယ့်ဆီဖုန်းဆက်ထားတယ်၊ ပြီးရင်
တစ်နေရာရာမှာ ဆုံဖို့ပြောလိုက်မယ်၊
တစ်နေ့လုံးအချိန်ရတာပဲ''"အဟွတ် ဘာ .. ကိုကို့သူငယ်ချင်း
က ခြေမြန်လက်မြန်ပါလား ဇွဲရဲ့မိဘ
တွေနဲ့တောင် ရင်းနှီးသွားပြီဆို၊
အဲ့လိုဆို ဟွန့် သူ့သူငယ်ချင်းနဲ့များ
တခြားစီ"
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............