(Unicode)
အေးစက်နေသော ထမင်းစားပွဲကို
ကြည့်ရင်း သက်ပြင်းချမိသည်မှာ
အကြိမ်ကြိမ်။ ခြေထောက်က
အရှင်းပြန်ကောင်းသည့်နေ့ဖြစ်လို့
ဒယ်ဒီ့ကို သူမနဲ့တွေ့ပေးဖို့ ပြောတော့
လက်ခံပေးခဲ့သည်။အေးအေးဆေး
ဆေးစကားပြောချင်သောကြောင့်
မန်နေဂျာအမကိုပင် တစ်ရက်
အနားပေးလိုက်သည်။တိတ်ဆိတ်နေသောတိုက်ခန်းအတွင်း
ဆယ်စုနှစ်တစ်စုနီးပါး အေးစက်စွာ
တစ်ယောက်တည်း နေခဲ့ပေမဲ့
ဒီနေ့လောက် စိတ်လှုပ်ရှားမိတာမျိုး
မရှိခဲ့။ လူခေါ်ဘဲလ်မှ အသံကြောင့်
လက်နှစ်ဖက်ကိုအင်္ကျီဘေးအနား
စတွင် သုတ်လိုက်ကာ တံခါးဖွင့်လိုက်သည်။ဒယ်ဒီက ကတိတည်သည်။ခွင့်တောင်း
ထားသည့်အတိုင်း အစောင့်အ
ရှောက်မပါဘဲ တစ်ယောက်တည်း
သာ လာခဲ့သည်။"ဒယ်ဒီ ထမင်းစားတော့မလားဟင်၊
ကျွန်မ အခုပဲ ပြင်လိုက်တော့မယ်''"ထိုင်ဦး''
ဆုံဖာပေါ်ထိုင်ကာ သူမကိုပါ ဝင်
ထိုင်ခိုင်းသောကြောင့် အရှေ့တွင်
ခပ်ကျုံ့ကျုံ့ဝင်ထိုင်လိုက်သည်။
ထိုအခါ စားပွဲခုံပေါ် ပြန့်ကျဲလာသည့်
ဓာတ်ပုံများ။ နားမလည်နိုင်သလို
ဒယ်ဒီ့မျက်နှာဆီ ကြည့်လိုက်တော့"ဒါက တွေ့ရမယ့်သူတွေပဲ ၊ သူတို့
ထဲက အဆင်ပြေတဲ့သူကိုရွေး၊
တစ်ယောက်မှ မကြိုက်ဘူးလို့တော့
ငြင်းခွင့်မရှိဘူး၊ ငါ့အတွက်ရော၊ မင်း
အတွက်ပါ အကူအညီဖြစ်မယ့်သူတွေ
ကို ရွေးပေးထားလို့ သဘောကျတဲ့
သူတစ်ယောက်တော့ တွေ့မှာပါ၊
ဒါဆို ငါသွားပြီ''"ထမင်းကရောဟင်''
ဒယ်ဒီ့သမီးအဖြစ်နေခဲ့သော ဘဝ
တွင် သူမဘက်က စပြီး အတွန့်တက်
တာက ဤတစ်ကြိမ်သာ။အမြဲတမ်း
ဒယ်ဒီက 'ဘာ' ဆိုလျှင် အနောက်မှ
'ဟုတ်' ဆိုပြီး အသင့်ရှိနေခဲ့တာ။"ငါ့ကို ဘာကြောင့်များ ထမင်းလာ
စားမယ်လို့ ထင်ရတာလဲ မွန်း၊
ငါတို့နှစ်ယောက်က သားအဖအရင်း
တွေ မဟုတ်ဘူး၊ မင်းက အောင်
မြင်မှုရဖို့ ငါ့ကို မှီခိုသလို၊ ငါကလည်း
ငါ့ရည်ရွယ်ချက်တွေ ဖြစ်မြောက်ဖို့
မင်းကို အသုံးချနေတာ၊ အခု မင်း
ရဲ့ လုပ်ရပ်တွေ မဟုတ်တာတောင်
မင်းကို မစွန့်ပစ်သေးတာ၊ ငါ့အတွက်
ဘယ်လိုအသုံးဝင်အောင် လုပ်ပေး
မလဲဆိုတာသာ စဉ်းစားထား''
![](https://img.wattpad.com/cover/235141776-288-k93745.jpg)
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............