Part 26

8.8K 836 16
                                    

(Zawgyi)

ကိုက်ခဲနေသော ခေါင်းနှင့်အတူ
နိုးလာချိန်တွင် နေရောင်ခြည်ဖျဖျက
သူ့မျက်နှာကို ကျရောက်နေသည်။
ပိုင်စေယံသည် အိပ်ရာမှ ထထိုင်လိုက်ရင်း
ခေါင်းအုံးကို ဘေးသို့ ရွေ့ကာ လက်နှစ်ဖက်
ကို အားပြုထရင်း ကုတင် ​ခေါင်းရင်းကို
မှီလိုက်သည်။

"ညက ဘယ်လောက်တောင်
သောက်မိလို့ ဒီလောက် ကိုက်
နေရတာလဲ''

နားထင်​အားလက်​ဖြင့်​ကိုင်​ကာ
တိုးတိုးလေး ညည်းတွားမိသည်​။
ဝတ်ထားသော အဝတ်အစားတို့က
မနေ့ကနှင့် မတူဘဲ အိမ်နေရင်း အဝတ်
အစားတို့ဖြစ်နေသောကြောင့် ကိုကို လဲ
ပေးထားပုံပင်။

"နိုးလာပြီလား၊ ဒါလေးသောက်လိုက်
ဦး''

သူ့တစ်ကိုယ်လုံးကိုများ မြင်သွားပြီလား
ဆိုပြီး တွေးနေခိုက် အခန်းထဲ ဝင်လာသော
ကိုကိုကြောင့် မျက်နှာမှာ ပူနွေးသလို၊
ခန္ဓာကိုယ်ကပဲ ယားသလို ခံစားလိုက်ရသည်။

"​ဟုတ်​ ကိုကို"

ရဲစွမ်းရည်​ယူလာ​ပေး​သော သံပုရာ
ရည်​ခွက်​​လေးအား ကိုင်​ကာ ​သောက်
လိုက်​သည်​။

"မ​နေ့က ဘယ်​လိုဖြစ်​လို့ အများ
ကြီး သောက်လာရတာလဲ၊
ခုတော့ ခေါင်းကိုက်နေပြီမလား''

ရဲစွမ်းရည်က ခုတင်ဘေးနားတွင်
တစောင်းဝင်ထိုင်လိုက်သောအခါ
ရင်ခွင်ထဲ တိုးဝင်လာခဲ့သည်။

"ခွင့်​ပြုချက်​​တောင်းပြီး​သောက်
တာပါ​နော်​၊ ကိုကိုလည်း သောက်
ခွင့်ပေးတာပဲဟာ၊ ပြီး​တော့
ကျွန်​​တော်​ဘာမှပြသနာမရှာမိ
ဘူးမလား ၊ ဟီးဟီး''

သူအမှားလုပ်မိရင်က အဲ့လို။.
ရင်ခွင်ထဲ ခွေးပေါက်လေးလို
တအီအီလုပ်နေသူက

"ခေါင်းကိုက်တယ် ကိုကို
တအားပဲ''

ရဲစွမ်းရည်က လက်တို့ဖြင့် ဆံပင်ေ
ပျာ့ပျော့လေးမှတစ်ဆင့် နဖူးတစ်ဝိုက်
ကို နှိပ်နှယ်ပေးသောအခါ မျက်လုံး
လေးမှိတ်ပြီး ဇိမ်ခံနေလေသည်။
ကော့စင်းနေသော မျက်တောင်လှ
လှနှင့်အတူ နှုတ်ခမ်းတို့က လေးကိုင်း
သဏ္ဍန် ကွေးညွှတ်နေကာ
သဘောကျနေသည့်ပုံပင်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now