Part 29

8.8K 765 6
                                    


(Unicode)

စက်​တင်​ဘာလဖြစ်သောကြောင့်
မိုးကလည်း ငြီးငွေ့ဖွယ်ကောင်းလောက်
အောင် ရွာသွန်းနေလျက် ။ တံခါး
ပေါက်ဖွင့်ရင်း ဝရံတာမှတစ်ဆင့်
အပြင်ဘက် ထွက်ကြည့်လိုက်တော့
လမ်းပေါ် ဖြတ်သွားတဲ့လူတောင်မရှိ။
အခန်းထဲ ပြန်ဝင်လာချိန် အိပ်ရာပေါ်မှ
ငြိမ်သက်နေသော စောင်ထုတ်နီနီ
လေးကို တွေ့ရသည်။

​ခေါင်မိုးပေါ်မှ တစ်ဖျောက်ဖျောက်မိုး
စက်သံတွေကို သားချော့တေးများ
ထင်နေလားမသိ။ စာ​မေးပွဲ​ဖြေမည့်
ရ​တော့မယ့် သူက​တေ့ မိုး​အေး​
အေးနှင့် ပါးစပ်​​လေးဟကာ အိပ်​ရာ
ထဲ​ကွေး​နေဆဲ။ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေသော​​ကြောင့် ​ရှေ့သွား​
လေးနှစ်​​ချောင်းက ​ပေါ်​နေကာ
ရယ်​ချင်​စဖွယ်​လေးဖြစ်​​နေသည်​။
ကုတင်ဘေးရှိ စားပွဲပေါ်မှ ဖုန်းကို
ယူကာ ထောင့်မျိုးစုံမှ ဓာတ်ပုံရိုက်
ထားလိုက်သည်။
ပြီးနောက်မှ သူ့ပါးစပ်​​လေးကို အသာ
ပိတ်​​ပေးလိုက်ကာ အိပ်ရာနိုးဖို့ ပြင်
ရသည်။

"​ကောင်​​လေး​ရေ"

"အွန်း"

သံရှည်​တစ်​ချက်​ဆွဲကာ တစ်ဖက်သို့ပင်
လှည့်ရင်း ပြန်​အိပ်​သွားသေးသည်။

"ကျစ်​ ​အိပ်​ပုတ်​ကလည်းကြီးတာကွာ၊
ကောင်​​လေး​ရေ၊ထ​တော့ဟ၊ ဒီ​နေ့စာ​
မေးပွဲ​ဖြေရမှာကို"

တင်​ပါး​လေးအား နှစ်​ချက်​​လောက်​
ခပ်​စပ်​စပ်​ရိုက်​ပြီး​ပြောမှ မျက်​လုံးတို့
က မဖွင့်ချင်​သလို ဖြည်းဖြည်းချင်း
ဖွင့်လာသည်။

"ည​နေမှ​ဖြေရမယ့်ဟာကို"

"သိတယ်​​လေ အခု ထ​တော့၊
ကိုယ်​နဲ့လိုက်​ခဲ့ ​နေ့ခင်းကျ ၊
အလုပ်​က​နေ လိုက်​ပို့​ပေးမယ်​"

"​တော်​ပါပြီ ၊ ကျွန်​တော့်ဘာသာပဲ
သွားလိုက်မယ် ၊ ခု​တော့ အိပ်​လိုက်
ဦးမယ်၊ မိုး​အေး​အေးနဲ့ "

"ကဲ ​မျက်​နှာသစ်​ဖို့ ကိုယ်​တိုင်​
သွားမှာလား၊ လိုက်​ပို့ရမှာလား
စဉ်းစား​နော်​"

ထိုအခါမှ

"အင်းပါ ထပါ့မယ်​ တကတည်း
အဖိုးကြီးကျ​နေတာပဲ ၊ပူညံပူညံနဲ့"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now