(Zawgyi)
ပိုင်စေယံခွဲခန်းထဲဝင်သည်မှာ နာရီ
ဝက်ခန့်ပင်ရှိပြီ။
ဆေးရုံကိုခေါ်လာစဉ်က အကြောက်
လွန်ကာ သတိမေ့ချင်သလိုဖြစ်နေ
သောကြောင့် အိပ်ပျော်မသွားစေရန်
အကြိမ်ကြိမ် သတိပေးနေခဲ့ရသည်။
ရဲစွမ်းရည်ခမျာ ကလေးရော ကောင်
လေးပါ နှစ်ယောက်လုံးဘေးကင်း
စေရန် ဆုတောင်းနေရသည်။
ရထားသော ဘုရားစာ မှန်သမျှတို့
သည်လည်း အစဖော်မရတော့
သောကြောင့် လက်ကိုနောက်ပစ်ကာ
ခွဲခန်းရှေ့ ဟိုဘက်၊ဒီဘက် လမ်းလျှောက်
နေလိုက်သည်။"သား"
ရေးကြီးသုတ်ပြာပြေးလာကြ
သော ယောက္ခမဖြစ်သူတို့ကြောင့်
ထိုနေရာမှာသာ ရပ်ရင်းစောင့်နေလိုက်သည်။"အဆင်ပြေရဲ့လား သားရော
ဘာဖြစ်သွားသေးလဲ၊
သားငယ်ရော အခြေအနေဘယ်လိုလဲ""ကျွန်တော်က ဘာမှမဖြစ်ပါဘူး
ကောင်လေးကိုပဲ စိတ်ပူတာ၊
ကျွန်တော်တို့မိသားစုကြောင့်
အန်တီတို့ထိခိုက်ရတာ တစ်ခါ
နှစ်ခါ မကတော့ဘူးဆိုတော့
ကျွန်တော် မျက်နှာတောင်မပြရဲတော့ပါဘူး"ရဲစွမ်းရည်က စိတ်ရင်းဖြင့် ပြောလိုက်
ခြင်းဖြစ်သည်။ ဖြစ်ခဲ့သမျှ ကိစ္စအားလုံး
သည် သူတို့မိသားစုနှင့် ပတ်သက်ပြီး
ဖြစ်ခဲ့သည်များဖြစ်သောကြောင့်
အားနာမိသည်။"အခုအချိန်မှာ အဲ့ဒါတွေမစဉ်းစားပါ
နဲ့ကွယ် ၊ မြေးလေးနဲ့သားငယ်
အဆင်ပြေပြေနဲ့ ခွဲခန်းထဲက
ထွက်လာနိုင်ဖို့ပဲ ဝိုင်းပြီးဆုတောင်း
ပေးရအောင်"ဒေါ်မီမီသွယ်က သက်ပြင်းချကာ
ပြောလိုက်သည်။ ရန်ကိုရန်ဖြင့် တုံ့ပြန်
လျှင် ထိုရန်စသည် ဘယ်တော့မှ
ပြီးဆုံးတော့မှာမဟုတ်မှန်းသူမ
သိသည်။သားကြီးရဲ့ သေဆုံးခြင်းကို
လည်း အစောကြီးထဲက သတ္တဝါတစ်ခု
ကံတစ်ခုလို့ တွေးထားပြီးသားဖြစ်၍
စိတ်ထဲခံသာသည်။ခွဲခန်းတံခါးအပေါ်ရှိ led board မှ
Finished ဆိုသော စာတန်းကြောင့်
အကုန်လုံး ငြိမ်နေလိုက်ကြသည်။
.အခန်းထဲမှ အရင်ထွက်လာသော
ဆရာဝန်ကြောင့် အနားကပ်သွားလိုက်သည်။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............