(Zawgyi)
[Zawgyi]
"ဟဲ့ သားငယ်ရေ ငါညောင်းနေပြီ ဆက်မရပ်နိုင်တော့ဘူးဟာ"
"နင်ကလည်း ရောက်တော့မှာပါဟ ရှေ့မှာ
ဘယ်နှစ်ယောက်မှ မကျန်တော့ဘူး
ခနလေးသည်းခံ""အဲ့ ခနလေးက ဘယ်နှစ်ခေါက်ရှိပြီလဲ tuto ရှိလို့ ကျောင်းဆင်းတာ နောက်ကျတဲ့နေ့မှပဲ ငါလည်းဆက်မရပ်နိုင်တော့ဘူး လှဲချပစ်လိုက်ချင်နေပြီ"
"အေး နင်တို့မလိုက်ချင်နေကြ ဒီနေ့ပွဲက ထူးခြားတယ်ဟ ခွေဝယ်တဲ့သူတွေကို အတူညစာစားခွင့်မဲဖောက်ပေးမှာတဲ့"
"နင့်ကိုယ်နင် အဲ့လောက်ကံကောင်းတယ်ထင်လား
စာမေးပွဲဖြေလို့ စာရွေးကျက်ရင် အမြဲတမ်းဖယ်ထားတဲ့အပုဒ်တွေပဲပါလာတဲ့ 'ဖယ်ပါ' ကောင်ကများ""နင်တို့ပြောမှပဲ ချိန်ပါပဲကြားဖူးပါတယ်ဟ
ပြီးတော့ ကံတရားကြီးက ငါ့ကိုအမြဲမျက်ကွယ်မပြုနိုင်ပါဘူးကွာ ဟဲဟဲ""နင်အိမ်စောစောပြန်ရမှာမဟုတ်ဘူးလား အိမ်မှာ အလုပ်တွေရှိသေးတယ်ဆို ခါတိုင်းဆို အတန်းပြီးတာနဲ့ အိမ်ပဲတန်းပြန်နေပြီး"
"ဟဲဟဲ မင်းတို့ကိုကြီးဘဝက ပြန်ပြီးလွတ်လပ်သွားပြီ
နှောင့်ယှက်မယ့်သူတွေမရှိတော့ဘူးကွ""ဘယ်ရောက်သွားတာလဲ"
"သူ့အိမ်သူပြန်သွားတာပေါ့ဟ''
မေစုယဉ်နှင့် မြတ်ဆုမွန်ကတော့
တက်ကြွနေသော ပိုင်စေယံကို
မျက်စောင်းထိုးလျက်။
မွန်းဟေသီရဲ့ တေးစီးရီးသစ်မိတ်
ဆက်ပွဲလုပ်ရာ ကုန်တိုက်တွင်
လူများ ကြိတ်ကြိတ်တိုး စည်းကား
နေရာမှ သူတို့ပါ လူကြားထဲ ရောက်
နေကြသည်။ အနောက်မှ လူတွေရဲ့
တိုးဝှေ့မှုကြောင့် ခြေထောက်တောင်
ကြမ်းပြင်နဲ့ လွတ်သေးရဲ့လားမသိ။
မွန်းဟေသီက ပိုင်စေယံရဲ့
idol ပေမဲ့ သူတို့ကတော့
Featuring လိုက်ဆိုပေးသော
အဆိုတော် ကောင်လေးများနှင့်
ဓာတ်ပုံတွဲရိုက်ချင်၍ဖြစ်သည်။
VOUS LISEZ
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Roman d'amourမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............