Part 42

8K 651 5
                                    

(Zawgyi)

ပိုင်​​စေယံ​ပျောက်​ပြီး ငါးရက်​အကြာ
ထိ သတင်းအစအနပင်မရသေးပါ။
ရဲများ အလွတ်​စုံ​ထောက်​များငှါးကာ
ရှာပေမဲ့ မည့်သည့်သဲလွန်စမှမတွေ့။
ပျောက်သွားသည့်နေ့ကစီးသွား​သော
ကားနံပါတ်​မှတစ်​ဆင့်​ လိုက်​​သော်
လည်း ထိုကားမှာ လိုင်​စင်​မဲ့ဖြစ်​ကာ
ထိုနံပါတ်​နှင့်​ မှတ်​ပုံတင်​ထား​သော
ကားမရှိဟုဆိုသည်။
ငွေလိုချင်​၍ ပြန်​​ပေးဆွဲသည်
ဆိုရ​အောင်​လည်း ဒီ​နေ့ထိ ​ကောင်
လေးနှင့်​ပတ်​သက်ပြီး ဖုန်းတစ်​ချက်​မှ
ဝင်မ လာ​သေးပါ။ အသက်​အန္တရာယ်
ပေးမည်​စိုးသောကြောင့် ​ပျောက်​​နေ
သည်​ကို တရားဝင်​မ​ကြေငြာရဲ။
တတ်နိုင်သည့်ဘက်များမှ တိတ်
တဆိတ် အစွမ်းကုန်ရှာဖွေရသည်။

"စွမ်းရည်​ "

"ဟင်​"

ရဲစခန်းရှေ့တွင် မရည်ရွယ်ဘဲ
ရဲစွမ်းရည်ကို တွေ့လိုက်ရသော
ကြောင့် မွန်းဟေသီ ခေါ်လိုက်မိသည်။
သူ့ပုံစံက အရင်လို သန့်ပြန့်နေသည့်ပုံ
မဟုတ်တော့ဘဲ စိတ်ဓာတ်ကျနေ
သည့်သူလို။မျက်ဝန်းတို့က လျော့ရဲ
နေကာ အိပ်ချိန်၊ စားချိန်မမှန်သည့်
လူလိုဖြစ်သည်။

"နင့်​​​ယောက်ျား​ပျောက်​​နေလို့ဆို"

"အင်း မင်း​ဘယ်​လိုသိ"

ရဲစွမ်းရည်မှာ ဖြစ်နိုင်ပါက ဘယ်​သူနဲ့မှ
စကား​ပြောချင်​စိတ်​မရှိ​သေး​ချေ။
ဒါ​ပေမဲ့ မ​ကောင်းတတ်​၍သာ
ပြန်​​ပြောရသည်​။

"သူဘယ်​​နေရာမှာရှိလဲဆိုတာ
ငါသိတယ်​ ၊ တအားကြီးစိတ်​မပူပါနဲ့
သူအန္တရာယ်​ကင်းပါတယ်​"

"မင်း တကယ်​​ပြောတာလား ​ဒီကိစ္စ
က ​နောက်​စရာမဟုတ်​ဘူး​နော်
မွန်း​ဟေသီ"

"ငါက အမျိုးသမီးတစ်​​ယောက်​ပါ ၊
က​လေးမ​မွေးဘူး​ပေမယ့်
ဗိုက်​ထဲက​လေးတစ်​​ယောက်​ထည့်
ထားရတဲ့ လူတစ်​​ယောက်​ကို
ကိုယ်​ချင်းစာလို့ပါ၊  ဒီမှာ​ပြောလို့မ
မကောင်းဘူး ၊ နံရံမှာ နား​တွေရှိတယ်
ငါမက်​​ဆေ့ပို့လိုက်​မယ်
ဟုတ်​ပြီလား"

မွန်းဟေသီက ဘေးဘီကို ကြည့်ရင်း
မှ ရဲစွမ်းရည်ရှေ့တည့်တည့်ကြည့်ကာ
ဲပြောလိုက်သည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now