Part 31

8.6K 765 9
                                    

(Unicode)

မနက်​ပုံမှန်​အိပ်​ရာထချိန်​​ရောက်​
သောအခါ ဆက်​မအိပ်​နိုင်​ဘဲ
မျက်​လုံးတို့ကပွင့်လာသည်​။ ရင်​ဘတ်​ထဲ
ိတိုးဝင်နေသော ​ကောင်​​သေးသေး
​လေးက​တော့အိပ်​​ပျော်နေဆဲ။
စာ​မေးပွဲအတွင်း စာကျက်​ရလို့
ပင်​ပန်းသွားပြီထင်​သည်​ ။ အပူအပင်​
ကင်းမဲ့စွာ အိပ်​​ပျော်​လျက်​ရှိသည်​။
ကောင်လေးအား သူနှင့် ပိုနီးကပ်
​အောင် ဆွဲယူလိုက်ကာ မျက်နှာ​
လေးအား လက်​နှင့်ကျီဆယ်​​နေ
လိုက်​သည်​။ထိုအခါ အနှောင့်အယှက်
ဖြစ်သည်ကိုသတိပြုမိဟန်တူသော
ကောင်လေးက လက်ကို အတင်းပုတ်
ချသည်။ တိတ်တိတ်လေးရယ်လိုက်
ကာ ခေါင်းနှင့် ခေါင်းအုံးကြား
လက်နှစ်ဖက်ကို ထည့်ရင်း ကြည့်နေ
လိုက်သည်။ နဖူးပေါ်ဝဲကျနေသော
ဆံပင်တို့၏ အောက်တွင် မျက်တောင်
ရှည်တို့က ကွေးညွှတ်နေသည်။
ထိုအချိန်တွင် မျက်တောင်တစ်ချက်
နှစ်ချက်ခတ်ပြီး မျက်လုံးတို့က
ပွင့်လာသည်။

အသက်​နှစ်​ဆယ်​အရွယ်​​ကောင်​​လေး
သည်​ သူ့အဖိုးတန်​​လေးဖြစ်​လာ
သည်​ကို အိပ်​မက်​တစ်​ခုလိုထင်​​
နေမိသည်​။ သူကိုယ်တိုင် မ,တည်
နိုင်​ခဲ့တဲ့ ငယ်​ငယ်​​လေးတည်းက
ပေးခဲ့​သော ကတိတို့ကို ​ကောင်လေးဘက်
က တည်​​နေ​သောအခါ
အချစ်​တို့ပိုရပြန်​သည်​။

"အွန်း''

အပျင်းကြောဆန့်ကာ သက်တောင့်
သက်သာဖြစ်မနေသော ကိုယ်ခန္ဓာကြောင့်
ပတ်ဝန်းကျင်ကိုစူးစမ်းရင်း သူ့ဆီ
မော့ကြည့်လာသော ကောင်လေး
ကပင်

"အွန့် ကိုကိုနိုး​နေတာကြာပြီလား၊
ကျွန်​​တော့်ကိုလည်းနိုးလိုက်​တာမဟုတ်​ဘူး"

"ကိုယ်​က ​ကောင်လေးနိုးလာရင်
ဘယ်လိုပုံစံများလဲ သိချင်လို့
ဒီတိုင်း ကြည့်နေမိတာ''

"အာ.. ကိုကိုကလည်း ''

ရင်ဘတ်ထဲ မျက်နှာအပ်လာသူ
ကြောင့် အဆင်ပြေစေရန် နေရာ
ပြင်ပေးမိသည်။သူ့စကားကြောင့်
ရှက်သွားတယ်ထင်ပါရဲ့။

"ဟင် အချိန်က အဲ့လောက်တောင်
ရှိသွားပြီလား၊ ထရတော့မှာပဲ''

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now