(Zawgyi)
(Zawgyi)
"ကျစ်"
ညကအရက်အရှိန်နှင့် ထိုးကိုက်လာသောခေါင်းကြောင့် ရဲစွမ်းရည် နားထင်ကို
လက်နှင့်ဖိလိုက်ရင်း အိပ်ရာမှ ထထိုင်
လိုက်သည်။ ပြူတင်းပေါက်များ ဖွင့်
ထားသောကြောင့် အခန်းတွင်း လင်းကျင်း
နေကာ ဘေးမှ ကောင်လေးကတော့
အိပ်ရာမှ ထသွားဟန်ပင်။
နာရီကို ကြည့်လိုက်သောအခါ မနက်ရှစ်
နာရီသို့ ညွှန်ပြနေလျက်။"နိုးလာပြီလား ရော့ သံပုရာရည်လေးသောက် "
အသံကြား၍ မော့ကြည့်လိုက်ရာ သံပုရာရည်ခွက်လေးကိုင်ကာ အခန်းထဲဝင်လာသော ပိုင်စေယံအားတွေ့လိုက်ရသည်။
"ကျေးဇူးပါကွာ ညက အတင်းတိုက်တာနဲ့"
"အင်းပါ လကုန်ရင် မုန့်ဖိုးပိုထည့်ပေးထားနော်"
ခပ်တည်တည်နှင့်ပြောသော ပိုင်စေယံစကားကြောင့်
ရဲစွမ်းရည် ခွက်အားချလိုက်ကာ"ဘာလို့ပိုပေးရမှာလဲ"
"ခများကို ပြုစုခလေ ကျွန်တော်ညကလည်း အောက်အနေ ဒီအခန်းထဲထိ ခများကိုယ်ကြီးကို သယ်ပြီးတက်ခဲ့ရတာ ပြုတ်မကျတာတောင်ကံကောင်း"
"အဲ့ဒါနဲ့ပဲ ပြုစုစောင့်ရှောက်ခတောင်းတယ်ပေါ့"
"အင်းလေ မကျေနပ်ဘူးလား မပေးရင် နောက်မလုပ်ပေးတော့ဘူးနော် ဒီတိုင်း ဖိနပ်ချွတ်မှာ ပစ်ထားလိုက်မှာ"
"ကောင်လေးကလည်း အဲ့လောက်တောင် စေတနာရှိရလားကွာ ကိုယ်ရှာနေတာ အားလုံးက မင်းအတွက်ပဲလေ မီးခံသေတ္တာလျှို့ဝှက်နံပါတ်လည်း ပြောပြမယ်ဆိုတာကို"
"no no အခုမသိချင်သေးဘူး ခများအကြောင်းသိသားပဲ ကျွန်တော့်ကို ထိန်းသိမ်းခိုင်းထားတော့မှာများ"
"ကောင်လေးကလည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုပြီးရှိတယ်လေ အပြန်အလှန်ပေါ့"
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............