(Zawgyi)
4
"ဖြည်းဖြည်းသွားပါဟ ၊ မင်းကလည်း
ပြေးတာမြန်လိုက်တာ၊ မောတာကွာ ''ကားပေါ်က ဆင်းဆင်းချင်း ဆေးရုံ
ထဲ ပြေးဝင်သွားသော အရှေ့မှ
ပုတက်တက်ကောင်လေးကြောင့်
သော်ဒီနိုင် သူ့အနောက်မှ အပြေး
လိုက်လာခဲ့ရသည်။
စွမ်းရည်နဲ့ သူ့ယောက်ျားတို့ စကား
ပြောနေချိန်က တစ်ယောက်တည်း
ပျာယာခတ်နေသော သူကို
သွားမေးကြည့်သောအခါ အကျိုး
အကြောင်းပြောပြလာသောကြောင့်
နှစ်ယောက်သား ထွက်လာခြင်းဖြစ်သည်။
လက်ထဲမှ ဖုန်းကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာ ဆေးရုံခန်းရှေ့ တန်း
နေအောင် ပြေးသွားသူကို ဖြည်း
ဖြည်းသွားဖို့ ပြောမိသောအခါ"အစ်ကိုက အသက်ကြီးနေပြီကိုး
မောမှာပေါ့""ဘာ.. မင်း"
နှစ်ယောက်သား ရန်ထောင်ရင်းနဲ့သာ
အခန်းရှေ့ရောက်လာခဲ့သည်။
သူ့ကို မုန်ကုတ်ကုတ်နှင့် ကြည့်
လာသောသူကို ဘာလဲ ဆိုသော
အထာနှင့် မျက်လုံးပင့်ပြတော့
ပါးစပ်လှုပ်ရုံပြောပြီး မျက်နှာတစ်
ဖက်လှည့်သွားသေးသည်။"နေကြပါဦး ၊မင်းတို့က ဘယ်က
ပြန်လာကြတာ''"သက်သေသွားရှာတာ"
"အမ် ဘာသက်သေ"
ပိုင်စေယံက တွေတွေလေးပြောသော
အခါ ဇွဲရန်နိုင်က တစ်ဖက်မှ ခုံအလွတ်
တွင် ဝင်ထိုင်လိုက်သည်။"မင်းမတွန်းချဘဲ သူ့ဘာသာပြုတ်ကျသွားတယ်ဆိုတဲ့သက်သေလေ "
"တကယ် တွေ့ခဲ့ပြီလား"
"အေး ငါ့ဖုန်းနဲ့ရိုက်ထားတာ ၊
ဒါပေမဲ့ ဖုန်းမတွေ့တော့လို့ ရှာနေတာ၊
မင်းရဲ့ဖုန်းက ငါ့လက်ထဲမှာဆိုတော့
ဖုန်းလာတာနဲ့ ကိုင်လိုက်တော့
ငါတို့စီးလာတဲ့ taxi မောင်းတဲ့
ဦးလေးကြီးဖြစ်နေတာ ၊ ကားပေါ်ကျန်
ခဲ့တာတဲ့၊ သူပြောတာ
တော့ နောက်ဆုံးခေါ်ထားတဲ့နံပါတ်ကို
ခေါ်ခဲ့တာဆိုပဲ''စကားဆုံးသည်နှင့် သော်ဒီနိုင်လက်ထဲ
မှ ရေဗူးကို ဆွဲယူကာ သောက်
လိုက်သည်။ အရှေ့က လူကတော့
သူ့ကို ကြောင်တောင်တောင်လေး
ကြည့်နေလျက်။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............