(Zawgyi)
ရဲစွမ်းရည်သည် လုပ်ငန်းရှယ်ယာဝင်
တစ်ဦးနှင့် တွေ့ရန်ချိန်းဆိုထားမှုကြောင့်
အသစ်ဖွင့်မည့်ကုန်တိုက်သို့ ရောက်
နေသည်။ ဖွင့်ပွဲမလုပ်ရသေးသော်
လည်း supermarket နေရာမှ
လွဲပြီး တစ်ခြား အထပ်များတွင်တော့
သူ့နေရာနှင့်သူ ဖွင့်ထားပြီးသားဖြစ်သည်။"ဟဲ့ ငါတို့ class အပြင်ဘက်မှာထိုင်နေတာ
'SOF' squad ထဲက ထွက်သွားတဲ့သူမလား''"ဘာလဲ SOF က အစမရှိ အဆုံးမရှိ"
"Spirit of Fire gaming group လေ နာမည်ကြီးအဖွဲ့တွေထဲပါတယ်လေ"
"ဟင် ဟုတ်လား ငါက သူ့စကေးတော်တော်ကြိုက်တာ သူထွက်သွားတာနှမြောစရာကြီး"
ဓာတ်လှေကားထဲမှ ထွက်ထွက်ချင်း
ကြားလိုက်ရသော'SOF' ဆိုသည့်အသံ
ကြောင့် မရည်ရွယ်ဘဲ လှည့်ကြည့်မိ
သည်။ ထို မိန်းကလေးအုပ်စုပြောနေ
သည့်ဘက်သို့ ကြည့်လိုက်သောအခါ
ကောင်လေးနှင့် သူ့သူငယ်ချင်း
အုပ်စုကို တွေ့လိုက်ရသည်။
သွားနှုတ်ဆက်မယ်လို့ ရည်ရွယ်လိုက်
ပေမဲ့ မနက်ကနဲ့ မတူဘဲ ပေါ့ပေါ့ပါးပါး
ရယ်မောကာ ပျော်ရွှင်နေသောသူက
သူ့ကို မြင်ခါမှ စိတ်အနှောင့်အယှက်
ဖြစ်သွားမှာစိုးရိမ်သည်။
လက်မှာပတ်ထားသော နာရီကို
ကြည့်လိုက်သောအခါ ချိန်းထား
သော အချိန်သို့ ရောက်ခါနီးနေပြီ။
ကောင်လေးရှိရာဘက် တစ်ချက်ကြည့်
ရင်း ထိုနေရာသို့သာ ထွက်လာခဲ့လိုက်သည်။
စီးပွားရေးလုပ်ငန်းလောကထဲ ခြေ
စုံပစ်ဝင်သည့် အချိန်ကစပြီး အလုပ်ကိစ္စဆွေး
နွေးဖို့အတွက်ဆို သူ့ဘက်က နောက်
ကျခြင်း မရှိတာက ထုံးစံလိုပင်ဖြစ်
နေသည်။အရှေ့မှ ကိုယ်စားလှယ်က ကုန်တိုက်
ဖွင့်ပွဲ မလုပ်သေးတာကို မကျေမနပ်
ဖြစ်နေသည့်ပုံပင်။ကောင်လေးကျောင်း
ပြီးမှသာ ဖွင့်ပွဲနှင့်အတူ သူတို့လက်
ထပ်ထားကြောင်း ကြေငြာမယ် ဆိုပြီး
စဉ်းစားထားခဲ့တာဖြစ်သည်။
ရှယ်ယာရှင်တွေဘက်ကပြောတာလည်း
မမှား။ စောစော ဖွင့်နိုင်လျှင် ငွေစော
စော ရမယ်ဆိုတာ ကြိုသိနေတာက
စီးပွားရေးသမားတွေ၏ အမြင်ပင်
ုဖြစ်သည်။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............