Part 28

8.3K 823 7
                                    

(Zawgyi)

လှစ်ခနဲ ထွက်သွားသော ပုံရိပ်တစ်
ခုကို တွေ့လိုက်သောကြောင့် ရဲစွမ်းရည်
သည် လူတွေကို လိုက်နှုတ်ဆက်နေရင်း
မှ နားနေခန်းအတွင်းသို့ ပြန်လာခဲ့သည်။
အခန်းထဲဝင်လာချိန် မေမေက သူ့ဘက်
သို့ ကြည့်ကာ ကောင်လေးဆီ လက်တို့
နေသည်ကို တွေ့လိုက်သောကြောင့်
သူမရှိချိန်
တစ်ခုခုဖြစ်သွားမှန်း သတိထားမိသည်။

"ကောင်လေး ခုနက''

ရဲစွမ်းရည်​က တံခါးဆီ လက်ညှိုးထိုး
ကာ ပြောလိုက်သောအခါ နားလည်
လွယ်သော ကောင်လေးက သူ့ဘက်
သို့ ကြည့်လာသည်။

"ဟုတ်တယ်၊ ကိုကိုထင်တဲ့အတိုင်းပါ
ပဲ၊ အ​ကြောင်းရှိလို့အကျိုးဖြစ်​လာတာပဲ
ဟာ၊ ကျွန်​​တော်​နားလည်​ပါတယ်​၊
အတိတ်ကို ကျွန်တော်ဂရုမစိုက်ပါဘူး၊
လက်​ရှိပစ္စုပ္ပန်​နဲ့ အနာဂတ်​ကိုပဲ
စိတ်​ဝင်​စားတယ်''

ကောင်လေးက ဘာကိုပြောချင်မှန်း သိ
နေသောကြောင့် ခေါင်းသာငြိမ့်ပြမိသည်။
သဘောထားကြီးပေးသော သူကြောင့်
တစ်ခါတလေ အားနာရသေးသည်။

"အဆင်သင့်ဖြစ်ပြီ်မလား၊ ဒါဆို
သွားကြမယ်လေ''

ကောင်လေး၏လက်ကို ဆွဲယူကာ
လက်ဖဝါးထဲ ထည့်လိုက်သောအခါ
အေးစက်စက်ခံစားလိုက်ရသည်။
စိတ်လှုပ်ရှားနေမှန်း ရိပ်မိသောကြောင့်
ဖျစ်ညစ်လိုက်​သောအခါ မျက်လုံးပြူး
ပြသေးသည်။ လက်​က​လေးဆွဲကာ
မီဒီယာများ​ရှေ့သို့ထွက်​ခဲ့သည်​။
ပိုင်စေယံက အရင် streamer
ဘဝမှာတည်းက လူသိပြီးသားဖြစ်လို့
သူ့ပရိတ်​သတ်နှင့်​သူရှိပြီးသားဖြစ်သည်။
သမားရိုးကျမဟုတ်သည့်
ယောက်ျား​လေးနှစ်​​ယောက်​လက်​ထပ်
ထား​ခြင်းအကြောင်းအရာသည် အားလုံး၏
အာရုံစူးစိုက်​မှုတွင်ရှိနေကာ
socialmedia များပေါ်တွင်
တွေ့ရသည်။ထုံးစံအတိုင်းချီးမွန်း
သူများရှိသလိုကဲ့ရဲသူများလည်းရှိကြသည်​။

"ဟင်း"

ပိုင်​စေယံတစ်ယောက် ခုံပေါ်ခနထိုင်
ရင်း အင်တာနက်ဖွင့်
ကြည့်မိတာ မှားသွားပြီလားမသိ။
တချို့သော သုံးသပ်ချက်များက
ကြောက်စရာ။ စိတ်အားငယ်တတ်
တဲ့သူသာဆို ဒီနေရာမှာပင် ခေါက်
ကနဲ လှဲသွားနိုင်လောက်သည်။
ခေါင်းခါလိုက်ရင်း ဖုန်းကိုပိတ်ကာ
သိတဲ့သူများတွေ့ရလေမလား ဝေ့ဝိုက်
ကြည့်ပြီး အာရုံပြောင်းလိုက်သည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now