Part 18

9K 913 8
                                    

(Zawgyi)

"​ကောင်​​လေး"

"အွန်း''

"ကိုယ့်ကို စကားမပြောတော့ဘူးလား''

"ပြောပါတယ် အခုလည်း ပြန်ပြောနေတာပဲ
ဟာ''

ပါးစပ်ကသာ ပြောပါတယ်လို့ ပြောနေတာ။
မျက်လုံးတို့က သူ့ဆီမရောက်။
မနက်စာကိုပဲ ကြည့်နေကာ အဲ့ဒီ
ပေါင်မုန့်နဲ့ ကော်ဖီခွက်တွေကို သူ့
ယောက်ျားများ ထင်နေလားမသိ။

"ကိုယ့်ကို မကြည့်လို့ပြောနေတာလေ
ကွာ၊ ဒီ​နေ့​တော့ အတူသွားကြမယ်၊
ကိုယ်လိုက်ပို့ပေးမယ်''

"မသိဘူး ကိုယ့်​ဘာသာသွား"

ပိုင်စေယံရဲ့ အဖြေကြောင့် ခေါင်းကုတ်
ကာ သူ့မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံ
တွင် ဝင်ထိုင်လိုက်သည်။
အပြာနှင့်အဖြူစင်း ရှပ်အကျီင်္နှင့်
ကောင်လေးကတော့ မုန့်ကိုသာ
စားနေသည်။

"ဘယ်​​နေ့ထိ စိတ်​​ဆိုးမှာလဲ"

"ဘာလဲ အခုရော ကျွန်တော်က
စိတ်ဆိုးနေတဲ့ပုံပေါက်နေလို့လား''

ပန်းကန်ထဲမှ ပေါင်မုန့်ကို ကော်ဖီခွက်
ထဲ ထည့်နေရင်းမှ မျက်စောင်းထိုး
ကာ ပြောလိုက်သည်။
ကိုကို့ကို စိတ်ဆိုးနေတာမဟုတ်ပါ။
သူ့ကို ဘယ်လိုများ ချော့မလဲလို့
စောင့်ကြည့်နေခြင်းဖြစ်သည်။
အသက်သုံးဆယ်အရွယ်က
ချစ်သူရည်းစားရှိနေတာ သဘာ
ဝကျတာပဲ မလား။
ပြီးတော့ သူကိုယ်တိုင်ကလည်း
တွဲနေတဲ့သူတွေများ ရှိလားဆိုပြီး
မမေးမိခဲ့။
မဟုတ်ဘူး။ မမေးရဲတာဆို ပိုမှန်
ပါလိမ့်မယ်။

"ကိုယ်ဘယ်လိုချော့မှ စိတ်ဆိုး
ပြေမှာလဲဟင်''

အရိုးသားဆုံးပြောလိုက်ခြင်း ဖြစ်ပါ၏။
မွန်းနဲ့တွဲတုန်းက သူငယ်ချင်းအချင်းချင်း
မို့ နားလည်မှုယူရင်းနဲ့ အဆင်ပြေခဲ့ပါသည်။
ဘဝမှာ ဘယ်သူ့ကိုမှ ချော့မော့ခဲ့
ခြင်းမရှိဖူးသောကြောင့် ကောင်လေး
ကို ချော့ဖို့က သူ့အတွက် ဝန်ထုတ်
ကြီးတစ်ခုလိုဖြစ်နေသည်။
အဲ့ဒီအစား ခက်ခဲတဲ့ ပရောဂျက်တစ်ခု
ကို တာဝန်ပေးပါက သူ့အတွက်
ပိုလွယ်လိမ့်မည်။

"ကျွန်တော်စိတ်ဆိုးပြေချင်တဲ့အချိန်
ပြေလိမ့်မယ်၊ အဲ့ဒါကြောင့် ချော့ဖို့
မလိုဘူးသိလား၊ အချိန်ဘယ်လောက်ကြာ
မှာလဲ မမေးနဲ့၊ တစ်သက်လုံးလည်း
ကြာချင်ကြာမယ်၊ သွားပြီ''

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now