(Zawgyi)
"ကောင်းစေသော်ဝ် အဲ့ဒါဘာလုပ်နေတာလဲ''
ပိုင်စေယံအော်သံကြောင့် ကျောပေး
ထားသော ကိုယ်လုံးသေးသေးလေး
က ဆတ်ခနဲ လှုပ်သွားသည်။
အနောက်ဘက် လှည့်ကြည့်မလာ
ဘဲ ဘာတွေများ အလုပ်ရှုပ်နေလဲ
မသိ။ အနားတိုးကပ်ကာ ကြည့်
လိုက်တော့ 'ဟီး! ဆိုပြီး သွားကျိုး
လေးများပေါ်အောင် ရယ်ပြလာသည်။
ပါးစပ်ထဲမှာက သက်သေခံပစ္စည်း
မဲမဲလေးများနှင့်။ကောင်းစေသော်ဝ်
တစ်ယောက်ကတော့ ချောကလက်
ခိုးစားပြန်ပြီ။သွားကျိုးများကြား ချောကလက်များ
ပေပွနေသည်က ရယ်ချင်စရာ
ကောင်းသော်လည်း သူ့မှာမရယ်နိုင်။"ဖေဖေဘာပြောထားလဲ၊ အခုချိန်
ခိုးစားပြီး ညကျရင် နာတယ်လို့
လာမပြောနဲ့နော်၊ သားအတွက်
ပြောပေးနေတာ''"ဟင့်''
နီရဲနေသော မျက်နှာငယ်လေးနှင့်
မျက်လုံးတို့တွင် မျက်ရည်များ ဝိုင်း
နေပုံက မတရားအပြောခံနေရသလို။
ဖေဖေက သူဘာမှ မလုပ်ဘဲ အပြစ်
ပြောနေတယ်ဆိုတဲ့ပုံစံမျိုး။"ဘာမှ မပြောရသေးဘူး၊ မျက်ရည်
က အရင်ထွက်လာပြီ၊ ငါက မင်း
ပါးပါးမဟုတ်ဘူး၊ သူ့ကိုသာ မျက်ရည်
ခံထိုးလို့ရမယ်၊ ငါ့ဆီ လာမလုပ်နဲ့''ငိုပြသည်က အလုပ်မဖြစ်သည်ကို
သိသွားသောအခါ ပိုင်စေယံဆီ
ပြေးလာပြီး ရင်ဘတ်ထဲ ခေါင်းတိုး
ဝင်သည်။ မရဲတရဲနှင့် မျက်နှာလေး
မော့ကာ နှုတ်ခမ်းလေးထော်ရင်း
မျက်နှာတစ်ခုလုံးကို တဖွဖွလာနမ်း
သည်။ ဝမ်းနဲ့လွယ်ပြီး မွေးထား
တဲ့သားပဲ။ သူက ဘယ်လောက်ထိ
စိတ်ဆိုးနိုင်မှာလဲ။ မျက်နှာမှာ
တော့ အမူအရာ မပေါ်စေဘဲ
ခပ်တည်တည်သာ နေလိုက်သည်။တုန့်ပြန်မှု မရသောကြောင့် ကောင်း
စေသော်ဝ်က စိတ်လျော့ပြီး ငြိမ်
ငြိမ်လေး ပေါင်ပေါ်ထိုင်နေသည်။"အဲ့ဒါတွေ ဘယ်က ရတာလဲ''
"ဖေဖေမေးတာ ဖြေလေ''
"ပြောပြရင် စိတ်မဆိုးတော့ဘူးလား''
ကောင်းစေသော်ဝ်က လူလည်။
ပိုင်စေယံလည်တယ်ဆိုတာ သူအိပ်
နေသလောက်သာရှိသည်။ အဖေ
က ပန်ကာဆို သားက ဂျင်ပေါ်က
ထုံး။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............