Part 25

9.1K 862 14
                                    

(Zawgyi)

ရင်ခွင်ထဲ ဝင်ရင်း တရှုံ့ရှုံ့ငိုကြွေး
နေသော သားငယ်ကို ဒေါ်ကေသီ
နွယ် ဖက်ထားပေးမိသည်။
အိမ်ကို လိုက်ခဲ့မယ်ဆိုသောကြောင့်
ခေါ်လာပေးခဲ့ပြီး ရောက်တည်းက
အခုထိ အငိုမရပ်သေး။
သူမကိုလည်း အဝေးမသွားစေဘဲ
သူ့အနားမှာသာ နေစေသောကြောင့်
သားဆီကိုလည်း ဖုန်းဆက်မရ။
အခုချိန်လောက်ဆို စွမ်းရည်လည်း
သားငယ်ပျောက်လို့ စိတ်ပူနေလောက်ပြွ။

"မေနွယ် ဒီနေ့ကိစ္စလေ ဖြစ်နိုင်ရင်
မေမေတို့ကို မပြောလို့ရမလားဟင်၊
သူတို့စိတ်ပူနေကြမှာစိုးလို့''

ကိုယ့်ဘာသာထက် မိဘကို ပိုတွေး
ပေးတတ်သူကြောင့်

"အင်းပါ၊ မေနွယ်မပြောဘဲနေပါ့မယ်၊
စိတ်ချလက်ချသာနေနော်''

"ဒါနဲ့ ကိုကို့အကြောင်းကိုက သိပြီး
သားလား''

ရင်ခွင်ထဲမှ ထထိုင်ကာ သူမကို
ကြည့်ရင်း မေးလာသောသူကြောင့်
မျက်နှာပျက်သွားသည်။ သို့သော်
လည်း ချက်ချင်းပြန်ပြင်လိုက်ပြီးမှ

"အင်း မေနွယ်သိပါတယ်၊ လက်
မထပ်ခင်တုန်းက မေနွယ်မေးခဲ့ပါ
တယ်၊ စွမ်းရည်ဘက်ကတော့
သေချာအပြတ်ဖြတ်ခဲ့ပြီပြောတာပဲ၊
ဘာကြောင့် သားကို ထိခိုက်အောင်
လုပ်လဲတော့ မေနွယ်လည်း မပြော
တတ်တော့ပါဘူး.. ဟင်း''

သက်မောချမိပြန်သည်။ ဘာလို့
များ ကိုယ့်ဘာသာထိခိုက်ခံပြီး
ခုလို လုပ်ရတာလဲတော့ သူမ
လည်း နားမလည်နိုင်ပါ။ နောက်
ထပ် အခုထက် ပိုဆိုးတာတွေ
လုပ်လာမလားလဲ စိုးရိမ်ရသေးသည်။
သားငယ်က သူမလက်ထဲ ကြီးပြင်း
လာသူမို့ သူမမွေးခဲ့တဲ့ကလေးနဲ့
မခြား။
ငိုရင်း မောသွားကာ ဆို
ဖာလက်တန်းပေါ် ခေါင်းမှီရင်း အိပ်
ပျော်သွားသော သားငယ်၏ ခေါင်း
ကို ဖွဖွလေး ပွတ်ပေးရင်း စွမ်း
ရည်ဆီ ဖုန်းဆက်ဖို့ ပြင်ရသည်။
ပိုင်စေယံက မဆက်နဲ့ ဆိုပြီး ပြော
ထားပေမဲ့ သားလည်း စိတ်ပူနေ
လောက်ပြီ။




မေ​မေ့ဆီမှ ဝင်လာသော ဖုန်းကြောင့်
အိမ်ရှေ့ဆင်ဝင်တွင် ခေါက်တုံ့ခေါက်
ပြန် လမ်းလျှောက်နေရင်းမှ
ရဲစွမ်းရည်​ ဖုန်းကိုင်လိုက်သည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now