Part 22

8.7K 817 11
                                    

(Zawgyi)

လျပ်တပြက်အတွင်း ဖြစ်ပျက်သွားသော
မျက်စိရှေ့မှ မြင်ကွင်းကြောင့် ပိုင်စေယံ
အကြောင်သား မတ်တတ်ရပ်နေမိသည်။
မမွန်းက လှေကားအောက်တွင်
ခွေခွေလေးလှဲကျနေလျက်။
အပေါ်ဘက်လှေကားမှ တဝုန်းဝုန်း
နှင့် ပြေးဆင်းသံကြားသောကြောင့်
မော့ကြည့်မိသောအခါ ဇွဲရန်နိုင်
ဖြစ်နေသည်။

"ငါထင်ပြီးသား၊ အခုလို ဖြစ်လိမ့်မယ်
လို့၊ အဲ့ဒါကြောင့် စိတ်မချတာ၊ လာ သွားကြည့်​ရ​အောင်​"

ဇွဲရန်နိုင်က ပိုင်စေယံကို စိတ်မချသော
ကြောင့် အနောက်မှ တိတ်တိတ်လေး
လိုက်လာခြင်းဖြစ်သည်။
ခေါ်သည့် အတိုင်း ငြိမ်ငြိမ်လေးလိုက်
လာသည့်သူက အသိစိတ်မဝင်ဘဲ
စိတ်နဲ့ကိုယ်နဲ့ မကပ်သည့်အလား။
လှေကားအောက်ရောက်သောအခါ
မွန်းဟေသီက နဖူးတွင် သွေးထွက်
လျက် မေ့မြောနေသည်။
ဇွဲရန်နိုင်က အနားကပ်သွားကာ
နှာခေါင်းထိပ်ကို လက်နှင့် အသက်
ရှုမရှူစမ်းကြည့်လိုက်ပြီးမှ

"အသက်ကတော့ ရှူသေးတယ်
ဒုက္ခပါပဲ  ဖုန်းအမြန်ခေါ်၊
လူနာတင်​ယာဉ်​​ခေါ်ဖို့လုပ်​​လေ"

"ငါ... ငါ... နံပါတ်​​မေ့​နေတယ်​"

"ဟာ ဒီ​ကောင်​ကွာ ​ငါ့ကိုဖုန်း​ပေး "

တုန်ယင်နေသော ပိုင်စေယံလက်ထဲ
မှ ဖုန်းကို ယူရင်း ဇွဲရန်နိုင် အရေးပေါ်
နံပါတ်တစ်ခုဆီ ဆက်လိုက်သည်။

"ဇွဲ သူ​သေသွားရင်​ မဟုတ်​ဘူး၊ သူတစ်​ခုခုဖြစ်​သွားရင်
ဘယ်​လိုလုပ်​မလဲ"

မေ့မြောနေသော  မွန်းဟေသီဘက်ရဲ့
နဖူးကို သွေးထွက်မလွန်စေရန် လက်ကိုင်
ပဝါနှင့် အုပ်နေသော ပိုင်စေယံက
သူ့ဘက် လှည့်ကြည့်ရင်း
ပြောလာသောကြောင့်
လက်နှစ်ဖက်ကို အားနှင့် ဆုပ်ကိုင်
လိုက်ရင်း

"သားငယ် ငါ့ကိုကြည့် ၊ဘာမှ ဖြစ်မှာ
မဟုတ်လို့  စိတ်ကိုလျော့ထား''

"ငါ..ငါ..ထောင်တော့မကျလောက်ပါ
ဘူးနော် ၊ ငါလုပ်တာမှ မဟုတ်တာ၊
မင်းယုံတယ်မလား''

ဇွဲရန်နိုင်ရဲ့ ရင်ခွင်ထဲ ဝင်ပြီးသာ
ငိုချမိသည်။ ဘယ်လိုဖြစ်ပြီး
အခုလိုတွေ ဖြစ်သွားရလဲ မတွေးရဲ။
ထင်မထားသော ကိစ္စရပ်က သူ့မျက်စိ
ရှေ့တည့်တည့် ဖြစ်ပျက်သွားသလို
သက်ဆိုင်နေတဲ့သူကလည်း သူသာ။
မမွန်းသာ သေသွားခဲ့ရင် ဆိုသော
အတွေးက သူ့ကို အလိုလို နှိပ်စက်
နေသည်။ အသက်တစ်ချက်ရှူမိတိုင်း
ကြောက်စိတ်တို့က ပိုပိုတိုးလာသည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now