Extra 2

12.5K 732 8
                                    

(Zawgyi)

စေသော်ဝ်လေးက သူ့သဘော
အတိုင်း မူကြိုတက်ချင်ပါတယ်
ဆိုလာသောအခါ သူနဲ့သင့်​တော်
မယ့် ကျောင်းကို ရွေးကာ အပ်လိုက်
သည်။ ​​ကောင်း​စေ​သော်​ဝ်​ မူကြို
တက်တော့ ပိုင်စေယံလည်း အလုပ်
ပြန်​ဝင်​ခဲ့သည်​။
မူကြိုစပို့တဲ့​နေ့က တစ်​ချက်​ပင်
အပြုံးမပျက်​ခဲ့​သော ကလေးက
နှစ်​ပတ်​ခန့်​အကြာတွင် မူကြိုဆင်းပြီး
အိမ်​တွင်​ ငိုယို​နေသည်​ဟု ဖုန်းဝင်လာ
သည်။ ထိုအခါ နှစ်ယောက်သား
အလုပ်တွေပစ်ကာ အိမ်ကို အမြန်
ပြန်လာခဲ့ကြသည်။

အိမ်ရှေ့တွင် အသင့်စောင့်နေသော
ကြီးမြက သားလေးသည် ကား
ပေါ်က ဆင်းတဲ့အထိ ပုံမှန်အတိုင်း
ဖြစ်ပြီး အိမ်ထဲရောက်မှ အော်ငိုသည်
ဟု ဆိုသည်။

သူ့ေ​မွးအ​ဖေလို ​ခေါင်းမာ​သောသား
လေးသည်​ လူရှေ့သူရှေ့တွင်
အဆင်ပြေချင်ယောင်ဆောင်ပြီး
အိမ်ရောက်မှ ဝမ်းနည်းမှုတွေကို
ဖွင့်ချလိုက်တယ်ထင်ပါရဲ့။

"သား​လေး ​"

နှစ်​​ယောက်​သား အိမ်​ပေါ်ပြေးတက်
ကာ အခန်းထဲ အ​ပြေးအလွှား
ပြေးဝင်​ခဲ့ကြသည်။ အခန်းထောင့်
တွင် ကုတ်ကုတ်လေးထိုင်ကာ ငို
နေသော သားကြောင့် ရင်ထဲ နင့်
ခနဲဖြစ်သွားသည်။ ပိုင်စေယံက
သားရှိရာဆီ သွားရင်း ​ထွေး​ပွေ့လိုက်​သည်​။

"ဘာလို့ငို​နေတာလဲကွာ.. ​ဖေ့သားကို
ဘယ်​သူဘာလုပ်​လိုက်​တာလဲဟင်​ ​ပြော"

ပိုင်​​စေယံက မျက်နှာကို မော့စေကာ
မျက်ရည်များကို သုတ်ပေးလိုက်သည်။
စကားလမ်း​ကြောင်း​ ပေး​သောအခါ
မျက်​နှာ​လေးက အားကိုးရာရသွား
သလို ဖြစ်သွားသည်၊

"သား.. သားကို​လေ..အ​မေမရှိတဲ့
သူတဲ့၊ သူငယ်​ချင်း​တွေက စကြတာ
ပြီး​တော့.. ပြီး​တော့​လေ
လှောင်​လည်း ​လှောင်​ကြတယ်​"

ရှိုက်​သံ​လေးများထွက်​ကာ ငို​ပြော​နေ
သော သားကို ကြည့်​ကာ ရင်ထဲ
ကြေကွဲသလို ခံစားရသည်။

"​တောက်​ လူပါးဝလိုက်​ကြတာ အဲ့လို
တွေ ​ပြောမှာစိုးလို့ ​ပေး​ကျွေးထားတာ
တွေကို မြိုဆို့ထားခဲ့ပြီး သွားရှင်းမယ်
အခုပဲ"

You've reached the end of published parts.

⏰ Last updated: Jun 10, 2022 ⏰

Add this story to your Library to get notified about new parts!

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now