(Zawgyi)
ညက ဘယ်အချိန်မှ အိပ်ပျော်သွားလဲ
မမှတ်မိ။ အိပ်ရာနိုးလာတော့ ဘေးနား
မှာ သားရော၊ ကောင်လေးပါ မရှိတော့ ။
ညတုန်းက အဖြစ်အပျက်တို့က အတွေးထဲ
ရုတ်ချည်းပေါ်လာသောကြောင့် အိပ်ရာမှ
ကပျာကယာထကာ အိမ်အောက် ပြေး
ဆင်းခဲ့လိုက်သည်။ တိုင်တွင်ချိတ်ထား
သော ကားသော့ကို ယူချိန် မီးဖိုခန်း
တွင်းမှ ရယ်မောသံများကြားရသောကြောင့်
သွားကြည့်လိုက်ရာ ဟိုသားအဖနှစ်ယောက်
ဖြစ်နေသည်။ ကောင်လေးအိမ်က ထွက်
သွားပြီထင်ခဲ့တာ။ အခုမှ သက်ပြင်းချ
နိုင်တော့သည်။"ကိုကို မျက်နှာမသစ်ရသေးဘဲ ဘာလာ
လုပ်တာလဲ၊ အဝတ်အစားလဲပြီးမှ လာခဲ့၊
အိပ်ရာလည်း သိမ်းခဲ့ဦးနော်''မီးဖိုချောင်ရှေ့ရပ်ကြည့်နေသည်ကို
သတိထားမိသော ကောင်လေးက
ပြောလာသောကြောင့် အပေါ်ထပ်
ပြန်တက်ခဲ့ရသည်။ ပိုင်စေယံက
စည်းကမ်းရှိသည်။ သူတို့နှစ်ဦး
အိပ်ခန်းတွင်းသို့ သူစိမ်းလူအဝင်မခံ။
အိပ်ရာသိမ်းတာတောင် ကိုယ်တိုင် လုပ်
ရမှ ကျေနပ်တဲ့သူ။ ကောင်လေးမအားတဲ့
အချိန်ကျ သူလုပ်ရသည်။အကုန်သိမ်းဆည်းပြီး အိမ်အောက် ပြန်
ဆင်းလာချိန်အထိ ပိုက်စေယံတို့ သား
အဖ စားလို့မပြီးသေး။
ရဲစွမ်းရည်တစ်ယောက် မနေ့ညက
ဘာမှမဖြစ်ခဲ့သလို သားလေး
ကိုသာ မနက်စာကျွေးနေသော ကောင်
လေးကို ကြည့်နေမိသည်။
ကလေးကို ဂရုတစိုက်လုပ်ပေးနေသလို
သူ့အတွက်လည်း လုပ်ပေးဖို့မမေ့။
ကော်ဖီကို ခွက်ထဲထည့်ပေးကာ မုန့်
ပန်းကန်ကို သူ့ရှေ့ပို့ပေးသည်။
အရှေ့မှ မုန့်ပန်းကန်ကို ဇွန်းနှင့်
ထိုးမွှေနေမိသည်ကို သတိထား
မိသော ကောင်လေးက"ကိုကို အစားအသောက်တွေကို
မဆော့ရဘူးလေ၊ သားလေးတောင်
ငြိမ်ငြိမ်လေး စားနေတဲ့ဟာ''ပိုင်စေယံဆီက အသံကြားမှ
လက်ထဲရှိ ဇွန်းကို စားပွဲပေါ်ချရင်း
ဘေးမှ ကော်ဖီကိုသာ သောက်
လိုက်သည်။ အစာစားချင်စိတ်
မရှိသောကြောင့် မုန့်တော့မစား
ဖြစ်။"ဝပြီလား၊ သွားကြမယ်နော်''
ကောင်းစေသော်ဝ်လေးက အစာဝ
တော့ ပေါင်မုန့်လုံးလေးလို ဗိုက်ပူပူ
လေးကို ရိုက်ပြသည်။ ပိုင်စေယံက
မေးစေ့လေးကို လက်နှင့်ပွတ်သပ်
ပေးလိုက်တော့ တခစ်ခစ်နှင့်
သဘောကျစွာ ရယ်နေသည်။
![](https://img.wattpad.com/cover/235141776-288-k93745.jpg)
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............