(Unicode)
"ကျွန်တော်ကလေးလိုချင်လို့ ကျွန်
တော်ကိုယ်တိုင်မွေးမယ့်ကလေးလေး"ယတိပြတ်ပြောချလိုက်ပြီးသောအခါ
အမေနှစ်ယောက်မှာ မျက်နှာချင်းဆိုင်
တွင်ထိုင်နေရာမှ ပိုင်စေယံဘက်သို့
ပြောင်းထိုင်လာကာ နဖူးပြင်သို့
လက်ဖမိုးဖြင့် လာစမ်းကြသည်။ထိုအခါ ပိုင်စေယံမှာ အနောက်
ဘက်သို့ ကိုယ်ကိုယို့လိုက်ပြီး"ဘာ ဘာလုပ်တာလဲဗျ"
"နေလည်းအကောင်းကြီးပါ
ဘယ်လိုဖြစ်တာလဲ""မေမေ"
"ဖြည်းဖြည်းအော်ပါသားရယ်
မေမေတို့က သားနေမကောင်း
ဘူးထင်လို့ပါ""ကျွန်တော်နေကောင်းတယ်
စိတ်လည်းအကောင်းကြီး
ဒီတိုင်းကလေးလိုချင်လို့ပါဆို"ပိုင်စေယံက ငိုမဲ့မဲ့အသံလေးဖြင့်
ပြောသောအခါ ပျာပျာသလဲလဲဖြစ်
သွားကြသည်။
အားလုံးကလည်း ထင်မှတ်မထား
တဲ့စကားဖြစ်လို့ ချက်ချင်းဘာပြန်ပြော
ရမှန်းမသိ။"ကလေးလိုချင်ရင် မေမေတို့
အငှါးကိုယ်ဝန်ဆောင်နဲ့ ၊
မွေးလို့ရအောင်ရှာပေးပါမယ်
အဲ့အတွက် စိတ်မပူပါနဲ့ ""အဲ့လိုကျ ကလေးအဖေက
တစ်ယောက်တည်းဖြစ်နေမှာလေ ၊
ကျွန်တော်က ကျွန်တော်တို့သွေး
သားတွေပေါင်းစပ်ထားမယ် ့နှစ်
ယောက်လုံးရဲ့ကလေး လိုချင်တာ"အဲ့ဒါဆိုလည်း နောက်ငါးနှစ်လောက်မှ
ယူလေ ၊သားကအခုငယ်, ပါသေးတယ်"နောင်ခါလာနောင်ခါဈေး၊ ဒီကောင်
လေးဟာ အရာတစ်ခုကို စွဲစွဲလမ်း
လမ်းရူးသွပ်တတ်သော သူမဟုတ်။
ကလေးရူးလည်း ကြာကြာရူးနိုင်
မည်မဟုတ်မှန်းသိသောကြောင့်
ဒေါ်မီမီသွယ်က ပြောလိုက်သည်။"ကျွန်တော်ကငယ်သေးပေမယ့်
ကိုကိုကမငယ်တော့ဘူးလေဗျာ၊
အခုတောင်အသက်ကသုံးဆယ်
ဖြစ်နေပြီ၊ နောက်ငါးနှစ်ဆို
သုံးဆယ့်ငါး ကလေးကျောင်းနေရင်
အသက်ကလေးဆယ် အဲအရွယ်ဆို
ကလေးအဖေက အဖိုးအရွယ်ဖြစ်နေပြီ"
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............