Part 4

14.5K 1.3K 18
                                    

(Zawgyi)

နောက်ဆုံးနှစ် ဒုတိယနှစ်ဝက်၏
ကျောင်းဖွင့်ချိန်သို့ပင် ရောက်လာ
ခဲ့ပြီ။ ကျောင်းတက်ရက်
ပထမဆုံးနေ့ဖြစ်သဖြင့် အတန်းသည်
စာမသင်ရဘဲ စာအုပ်ဝယ်ရင်းသာ
အချိန်ကုန်သွားခဲ့သည်။
သူငယ်ချင်းများနှင့် နှစ်လကျော် ခွဲခွာ
ခဲ့ရသောကြောင့် အတိုးချအလွမ်းသယ်နေကာ အိမ်ပြန်နောက်ကျခဲ့သည်။
အိမ်ပြန်ရောက်တော့ ကားမတွေ့သဖြင့်
သေးသဖြင့် ကိုကိုပြန်မရောက်သေး
ဟန်တူသည်။
သီချင်းလေး ခပ်တိုးတိုးညည်းရင်း
အိမ်တွင်းသို့ ဝင်လိုက်သောအခါ
တွေ့လိုက်ရသည်က မေနွယ်။

"ဟင် မေနွယ် သားဆီလာတာလား ဖုန်းဆက်လိုက်တာမဟုတ်ဘူး စောစောပြန်လာမှာပေါ့"

ဧည့်ခန်းတွင်းထိုင်နေသော ယောက္ခမ
ဖြစ်သူကို ပိုင်စေယံဖက်ရင်း ပြောလိုက်သည်။

"စောစောပြန်လာမှာပေါ့ဆိုတာက
အချိန်တွေကို ဖြုန်းနေတာပေါ့ အဲ့လိုလား"

မေနွယ်ကိုသာ ဝမ်းသာအားရ
ွှု နှုတ်ဆက်သောကြောင့် ထိပ်ဆုံး
ခုံတွင် ထိုင်နေသောသူကို သတိမထား
လိုက်မိ။
ဆးဆိုးထားဟန်တူသော ဆံပင်တို့ကို
ထုံးဖွဲ့ကာ ကကြီးပုံနဖူးနှင့် လိမ်းထားသော သနပ်ခါးဖျော့ဖျော့က ဇရာတို့ကို မှေးမှိန်စေသယောင်။ရွှေဝါရောင်မျက်မှန်ကိုင်းအောက်ကမျက်လုံးတို့က တည်ကြည်နေလေသည်။
အရှိန်အဝါအားဖြင့် ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်ဖြစ်မည်မှာ မျက်စိမလွဲပင်။

"ဘွားဘွားကြီး ကိုကို့အဘွား"

ဒေါ်ကေသီနွယ်က ပိုင်စေယံနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ဟာ ဘွားဘွားကြီး မင်္ဂလာပါ ခင်ဗျ ကိုကိုက ကျွန်တော့်ကို ဘွားဘွားကြီးအကြောင်းပြောဖူးပါတယ် ရုတ်တရက်မို့ မေ့သွားတာ "

ဟုတ်သည် မဟုတ်သည်က နောက်မှ။
လောကွတ်ချော်ဖို့ကအရင်။ မဟုတ်ရင်လည်း ချော်လဲရောထိုင်ဖို့ အဆင်သင့်။ ထိုအခါ
မှ အဖွားကြီးမျက်နှာ အနည်းငယ်ပျော့သွားကာ

"အဟမ်း အာ့ဆိုလည်း ပြီးတာပါပဲ ဒါနဲ့ ဒီအိမ်မှာ နှစ်ယောက်တည်း နေကြတာလား"

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Donde viven las historias. Descúbrelo ahora