Part 40(Unicode)

8.4K 651 10
                                    

မိသားစုတွေဆီမှ ခွင့်ပြုချက်များရ
ပြီး သားအိမ်အစားထိုးနည်းဖြင့်
ကလေးယူခဲ့သည်မှာ သန္ဓေသား
လောင်းပင် ခုနစ်လရှိပြီ။
ကိုယ်​ဝန်​လရင့်လာသည်​နှင့်အမျှ
အပြင်​မထွက်​​တော့ဘဲ အိမ်​တွင်းပုန်း
ကာ ​နေခဲ့သည်​။ ပိုင်စေယံက
က​လေးယူချင်​တုန်း
က သူပဲအသည်းအသန်​ဖြစ်​ခဲ့ကာ
အခုကျ​တော့ သူများတွေနဲ့ တွေ့ရမှာ
ရှက်​သည်​တဲ့​လေ။
သူငယ်​ချင်းများကို​တော့ ခွဲစိတ်​ဖို့
မသွားခင်​တည်းက စင်္ကာပူတွင်​ ​
ကျောင်းတက်​မယ် ဆိုပြီး ကြိုပြော
ထားသောကြောင့် ပြသနာမရှိ။

'ကြက်ကြော်စားချင်တယ်၊ကိုကို
ပြန်လာရင် ဝယ်ခဲ့ပေး၊ အစပ်နော်'

ဖုန်းထဲရောက်နေသည့် မက်ဆေ့လေး
ကို ကြည့်ရင်း ရဲစွမ်းရည်ပြုံးလိုက်
မိသည်။ စားချင်တာက အစပ်ဆို
ပေမဲ့ တကယ်တမ်းဝယ်ပေးသွား
ပါက အစပ်စားမိလို့ ကလေးဆံပင်
ပါးရင် ဒုက္ခဖြစ်မှာ ဆိုပြီး မစားတော့။
အကြောင်းသိနေသောကြောင့် အချို
ရော၊ အစပ်ပါ ဝယ်ရသည်။

"ကိုလေး မှတ်ထားနော်၊ သမီး
အလှည့်ကျမှ တွေ့မယ်''

ရဲစွမ်းရည်မှာ  အိမ်ထဲဝင်ဝင်ချင်း
ကြားလိုက်ရသော
အသံကြောင့် ခြေလှမ်းများ ရပ်တန့်
သွားသည်။ အိမ်အောက်မှ နေရင်း
အိမ်ပေါ်ထပ်သို့ အော်ပြောနေတဲ့
ကြယ်စင်က သူ့ဆီကြည့်လာသော
အခါ

"မီးငယ်​ ဒီ​နေ့လည်း ထွက်​မ​တွေ့
ပြန်​ဘူးလား"

"ဟုတ်​"

ကြယ်စင်မှာ ကောင်လေး ဗိုက်​လေး
ပူလာသည့်အချိန်​မှစ၍ သူ့အစ်​ကိုကို
မ​တွေ့ရ​တော့။
ဗိုက်​ထဲက တူက​လေးကို ​တွေ့ချင်​
လွန်း၍ သင်​တန်းဆင်းသည်​နှင့်
အိမ်​ကို​ရောက်​​ရောက်​လာတတ်​သည်​။
သူမ​ရောက်​လာသည်​နှင့် ပိုင်​​စေယံ
ကလည်း အခန်းထဲ​ပြေးဝင်​သည်​။
မေးကြည့်​တေ့ တစ်​ဦးတည်းသော
ညီမ​လေး​ရှေ့မှာ အခုလို  ဗိုက်​ပူပူ​
ပုံစံလေးကို ပြရမှာ ရှက်တယ်တဲ့လေ။
က​လေးလိုချင်​တုန်းက လူကြီး​တွေကို
အတင်းအကြပ်​လက်​ခံ​အောင်​လုပ်​ခဲ့
တာ သူမဟုတ်​သည့်အတိုင်းပင်​။
​ပြောလိုက်​ရင်​​တော့ ဒီလိုမျိုးဖြစ်​လာ
မယ်​လို့မှ မထင်​ခဲ့တာတဲ့ ။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}Where stories live. Discover now