(Zawgyi)
ပုံမှန် ခြောက်နာရီကျော်မှ ထလေ့ရှိသော်လည်း
မနေ့က ဘွားဘွားကြီးစကားကြောင့် အိပ်ရာစောစောထရသည်။ ကုတင်ဘေး
စားပွဲခုံပေါ်မှ မြည်နေသော alarm
ကို ပိတ်လိုက်ရင်း ဘေးကလူကို
ကြည့်လိုက်တော့ အိပ်နေရင်းမှ တစ်
ဖက်စောင်းလှည့်သွားသည်။
နှိုးစက်သံကြောင့် အနှောင့်အယှက်
ဖြစ်သွားပုံပင်။ တော်ပါသေးရဲ့
တိုးတိုးရေရွတ်ရင်း ခြေသံဖော့
ဖော့နင်းကာ ရေချိုးခန်းထဲဝင်ပြီး
မျက်နှာသစ်ခြင်းအမှုပြုလိုက်သည်။
အေးစိမ့်နေသောရေနဲ့ ထိတွေ့လိုက်
တော့လူက လန်းဆန်းသွားသည်။"ဒါက မင်းဝယ်ထားတာလား"
"ဟုတ်ကဲ့ ဘွားဘွားကြီး ကောက်ညှင်းပေါင်းနဲ့ ကော်ဖီပါ ကောက်ညှင်းပေါင်းက
ဘွားဘွားကြီးမစားရတာကြာပြီထင်လို့
စားစေချင်လို့ ဝယ်ပေးထားတာ ကော်ဖီကတော့ ကျွန်တော်ကိုယ်တိုင်ဖျော်ထားတာပါ"စားပွဲဝိုင်း ထိပ်ဆုံးခုံတွင် ထိုင်နေ
သော ဒေါ်မြမြသွင်ရှေ့သို့ ကော်ဖီ
ခွက်ကို ချပေးကာ ပြောလိုက်တော့
ဟန်ပါပါနှင့် ယူသောက်လေသည်။"အင်း နှပ်တာသိပ်မကျဘူးနော် ငါက
ကော်ဖီဆို ကျနေအောင် နှပ်ထားမှ
သောက်တတ်တာ ""ဟုတ်ကဲ့"
ဘွားဘွားကြီးတမင်လုပ်မှန်းသိပေမဲ့
သူ့မှာပြောခွင့်မရှိ။ ရောက်ကတည်းက
ပြောထားသော ရာဇသံကြောင့် သည်းခံရန်သာ ကြိုအသင့်ပြင်ထားသည်။ကိုယ်တိုင်
ကလည်း သူ့ဆီက သူ့မြေးကို လုယူထားသလိုဖြစ်နေသည်မလား။
ပြီးတော့ ကိုကြီးကြောင့် မကျေနပ်တာလည်း
ပါမယ်ထင်၏။"ခနနေကျ ဟင်းချက်နည်းသင်ရမယ်နော် ငါတော့ အပြင်သွားဦးမယ် ဟိုအိမ်က ဟင်းချက်ဖို့လာရင် သူ့ဆီက သင်ထား"
"ဘွားဘွားကြီး ကိုယ်တိုင်မသင်ပေးဘူးလား ကျွန်တော်က ဘွားဘွားကြီးသင်ပေးစေချင်တာ"
ဘွားဘွားကြီးသည် အိမ်မှုကိစ္စမှန်သမျှ မလုပ်တတ်ဟု မေနွယ်ပြောပြဖူးတာ သတိရလိုက်
သောကြောင့် ပြောလိုက်ခြင်းပင်။ ငယ်စဉ်ကတည်းက ရွှေလင်ပန်းနှင့်အချင်းဆေးကာ မွေးဖွားလာသည့်အပြင် မိမိအား ချစ်မြတ်အိမ်ထောင်ပြုသောအခါတွင်လည်းနိုးလှသောသူနှင့် လက်ဆက်ခဲ့ရသောကြောင့် ပူပင်ကြောင့်ကြမှုမရှိနေနိုင်ခဲ့သည်။ သားနှစ်ယောက်ယောက်ရလာသည့်တိုင်အောင် အလုပ်ကိစ္စများနှင့်သာ လုံးချာလိုက်နေခဲ့သည်။ ထိုသည်ကို ခင်ပွန်းသည်မှာလည်း ချစ်သည့်စိတ်ဖြင့်သာကြည့်၍ အပြစ်မမြင်ခဲ့ပေ။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙊𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮[Completed] {Z,U}
Romanceမင်း အခုရရှိနေတဲ့ပျော်ရွှင်မှုက မင်းနဲ့ထိုက်တန်ပါတယ် ကောင်ကလေး............