Special episode 1(Unicode+Zawgyi)

79 6 0
                                    

Miracle ဆိုတဲ့ စကားလုံးလေးဟာ ဒီတိုင်းတော့ ပေါ်လာတာမဟုတ်ပါဘူး...အကယ်၍ သူတို့ပြောခဲ့တဲ့ အတိုင်း နောင်ဘဝများသာရှိခဲ့လို့ နှင်းဆိုတဲ့ ကောင်မလေးနဲ့ မိုးမခဆိုတဲ့ ကောင်လေးတို့ ပြန်တွေ့ပြီး ဖူးစာဆုံဖြစ်ခဲ့မယ်ဆိုရင်ရော...

ရှေးလူကြီးတွေ ပြောဖူးသလိုပါဘဲ အချစ်စစ်တို့ရဲ့ လမ်းဟာ အစဉ်အမြဲ ဖြောင့်ဖြူးတယ်ဆိုတာမရှိပါဘူး..မုန်တိုင်းပြီးရင် လေပြေဆိုတာ လာစမြဲပါဆိုတဲ့ အတိုင်းဘဲ သူတို့ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးကို ကံကြမ္မာက ရေစက်ဆုံခွင့်ပေးလာသောအခါ...

ကဲ...ဇာတ်လမ်းလေးကို ဆက်လိုက်ကြရအောင်နော်...

'ဟင့်အင်း...မဟုတ်ဘူး...ကိုယ်....ကိုယ်...'

'မြေးမလေး....မောင်...လုပ်ပါဦး...မြေးမလေး အဖျားတွေတက်ပြီး ယောင်နေပြန်ပြီထင်တယ်...'

'ချစ်ရယ်..စိတ်အေးအေးထားပါ...မြေးမလေးလည်း
ခဏနေသက်သာသွားမှာပါ...ချစ်..အိပ်ချင်ရင် သွားအိပ်လေ..မောင်...မြေးမလေး ဘေးနားမှာစောင့်နေပေးလိုက်မယ်...'

'နေပါ..ချစ်မအိပ်ချင်သေးပါဘူး..မောင် သွားနားပါ..'

'ကဲပါ..မထူးတော့ပါဘူး..တူတူဘဲစောင့်ကြတာပေါ့...'

'အင်း....'

မနက်မိုးလင်းတော့...

'အ..အင်း...ဖိုး..ဖွား...'

'အယ်..မြေးမလေး..နိုးနေပြီလား...'

'ဟုတ်..ဖိုး...'

'မြေးလေး...တော်သေးတာပေါ့..ကိုယ်အပူချိန်ကျသွားလို့...'

'ဟုတ်..ဖွားရော ဖိုးရော သက်ကြောင့် ပင်ပန်းသွားရပြီ...'

'အယ်...မြေးရယ်..မဟုတ်တာ...'

'ဖိုး..ဖွား..သွားနားတော့နော်...သက် နေကောင်းနေပါပြီ...'

'သေချာလို့လားမြေးရဲ့...'

'ဟုတ်..ဖွား..သက် တကယ်ပြောနေတာ...'

'ကဲ..ဟုတ်ပါပြီ...မြေးမနေ ကောင်းသွားပြီဆိုတော့ မောင်တို့သွားနားကြရအောင်လေနော်...'

'အင်း...မြေး..နားနားနေနေ​ နေနော်...ဘာမှ လျှောက်လုပ်မနေနဲ့ ဦး...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now