Chapter 20(Unicode+Zawgyi)

53 7 0
                                    

မနက် ၇:၀၀နာရီ လောက်တွင် မိုးနှောင်းရဲ့ အခန်းတံခါးလေးကို ညီဖြစ်သူ မိုးမခ က လာခေါက်လေတော့မှ အိပ်ယာထဲမှ

'ညီညီ..ပြော...'

'ငါဝင်လာပြီနော်...မိုးနှောင်း...'

'အင်း...ဝင်လာခဲ့လေညီညီ...'

ထိုသို့ပြောပြီး အိပ်ယာထဲသို့ ကွေးကာ မိုးနှောင်းတစ်ယောက် ထပ်အိပ်ဖို့ကြိုးစားတော့သည်။

'ကိုကြီး..ထတော့လေကွာ...'

'ဘာလို့လဲ...အခုမှ အစောကြီးရှိသေးတာကို...'

'ဘာအစောကြီးလဲ...၇နာရီတောင်ရှိနေပြီဟာကို...ထတော့...ထလို့...'

'ညီညီကလည်း...ကိုကြီးခဏလောက်ပြန်အိပ်ပါရစေနော်..လူဆိုးလေး...'

'မရဘူးကွာ..ထ....ဒီနေ့ ငါသွားစရာရှိတယ်..အဲဒါမင်းပါလိုက်ခဲ့ရမယ်....'

'ညီညီကလည်း..ဘယ်ကို သွားဦးမလို့လဲ..သွားချင်ရင်လည်း ဦးညွန့်ရှိတယ်လေ..ဦးညွန့်ကို ခေါ်သွားလိုက်နော်...'

'ကိုကြီး...မင်းတကယ်မလိုက်ဘူးလား...'

'ဘယ်သွားမှာမလို့ အတင်းတောင် ဇွတ်လိုက်ခိုင်းနေရတာလဲ...ကိုကြီးပိတ်ရပ်လေးတော့ နောက်ကျတဲ့အထိ အိပ်ချင်လို့ပါကွာ...'

'ငါ ဒီနေ့ နှင်းနဲ့ တွေ့ဖို့ချိန်းထားတယ်....သင်တန်းနဲ့ ပတ်သက်တဲ့ program တစ်ခုကို ငါတို့ အတူတူ လုပ်ရမှာ...'

'ဒါဆို..သွားလေ...'

'ငါပြောတာဆုံးအောင်နားထောင်ပါဦး...သူက တစ်ယောက်တည်း ဖြစ်နေလို့ဆိုပြီး သက်ထားကိုပါ အတူခေါ်လာမှာ...စောစောကမှ နှင်းက သက်ထားပါ ပါလာတယ် ..မင်းကို ပါခေါ်ခဲ့ ဆိုလို့....'

'ဟင်...တကယ်ကြီးလား...'

အိပ်ယာထဲမှ ပွရှုပ်နေသော ဆံပင်တွေနဲ့အတူ အိပ်ချင်မူးတူးရုပ်ဖြင့် မိုးနှောင်းတစ်ယောက် အိပ်ယာထဲက ထဖို့ပြင်တော့သည်။

'ပြန်မအိပ်တော့ဘူးလား...မင်းဘဲ ပိတ်ရက်ကို အိပ်ချင်တယ်ဆို..'

'ရပါတယ်..အိပ်တယ်ဆိုတာက နေ့တိုင်းအိပ်လို့ရနေတာဘဲ..သက်ထားနဲ့ က နေ့တိုင်းတွေ့ရတာမှ မဟုတ်တာ...ဟီး..ဟီး...ထတော့မယ်...တော်ကြာမိန်းကလေးတွေချည်းဘဲ အရင်စောင့်နေရတာဆိုရင် မကောင်းဘူးလေ..ဟုတ်တယ်မလား...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now