Chapter 5

119 11 0
                                    

မိုးနှောင်းမှာ တက္ကသိုလ်သို့သွားရင် မိမိဘာသာကိုယ်ပိုင်ကားမောင်း၍သွားချင်သော်လည်းဖေဖေ​ကအသက်၁၈နှစ်ပြည့်မှသာ မောင်းခွင့်ပြုမည်ဟုဆိုသောကြောင့် အိမ်မှ ဦးလေးညွန့်က အမြဲလိုလိုလိုက်ပို့ပေးသည်။ဦးလေးညွန့်သည် မိုးနှောင်းတို့နှင့် ငယ်စဉ်ကတည်းကနေလာသောကြောင့် မိသားစုဝင်ကဲ့သို့ပင်ဖြစ်နေလေသည်။

​မိုးနှောင်း breakfast စားပြီး လိုအပ်သောစာအုပ်စာတန်းများကို ကျောပိုးအိတ်ထဲထည့်ကာ မေမေပြင်ပေးထားသောထမင်းဘူးလေးကိုယူလျက်ကျောင်းသွားရန် အသင့်...

'မေမေ...သားကျောင်းသွားတော့မယ်..'

'အမလေး...ပြပါဦး..မေမေ့သားengineer ကျောင်းသားကြီးကို..တယ်လန်းပါလား..'

'မေမေကလည်း...သားကအခုမှ first year ဘဲရှိသေးတာကို..engineer မဟုတ်သေးဘူးလေ'

'ဘာဘဲဖြစ်ဖြစ်နောက်ဆိုရင်ဖြစ်လာမှာဘဲလေ...ကဲကဲနောက်ကျနေပြီ..ကားလမ်းကပြောလို့ရတာမဟုတ်ဘူး...ဦးညွန့်ကိုလည်းဖြေးဖြေးမောင်းဖို့ပြော..ကဲ..သွားတော့နော်..ဖေဖေတောင်သွားပြီ..ကားလမ်းပိတ်မှာကြောက်လို့တဲ့'

အပေါက်ဝမှမိုးနှောင်းထွက်ဖို့အလုပ်

'သားကြီးရေ..တစ်ခုခုမေ့ကျန်ခဲ့လို့လား..'

'အင်း...မေမေ့ကသားကိုkiss ပေးဖို့ကျန်သေးတယ်လေ'

'အမလေး...ဘာများလဲလို့..မွ...သွားတော့..ညနေအတန်းပြီးရင်မြန်မြန်ပြန်လာနော်....မေမေသားတို့အကြိုက် strawberry juice လုပ်ပေးမယ်'

Strawberry juice ဆိုတာမိုးနှောင်းတို့ညီအစ်ကိုနှစ်ယောက်လုံး ငယ်စဉ်ကတည်းက သောက်ရတာ အရမ်းကြိုက်သည်။ဒါကြောင့်အိမ်မှာ ဒေါ်စောလှသည် strawberry ပေါ်ချိန်ရောက်လျှင်အမြဲလိုလိုသားနှစ်ယောက်အတွက်သတိတရဝယ်ကာဖျော်ပေးလေ့ရှိသည်။

'ရေး...စောနိုင်သမျှစောစောပြန်လာမယ်မေမေ...အခုကတည်းကတောင်သွားရည်ကျလာပြီ..ရှလွတ်...ဟီ...'

'မေမေ..သားသွားပြီနော်...တာ့တာ..ညီညီကိုလည်းပြောလိုက်ပါဦး..ကျွန်တော်ပြန်လာမှဘဲ ဦးစိတ်တိုကိုပြန်ချော့တော့မယ်..'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now