Chapter 55(Unicode+Zawgyi)

27 4 0
                                    

ဆေးရုံရောက်တော့ မိုးမခရဲ့ အခန်းစီကိုပင် နှင်းနဲ့ ခွန်းထက် တန်းလာလိုက်တော့သည်။

လမ်းတဝက်မှာ စက်ခွန်းစနဲ့ နှင်းတို့ ရုတ်တရက် စုံမိကြသည်။

'ဟယ်...ဟိတ်ရောင် စက်ခွန်းစ..'

'အာ..ကိုခွန်းထက်...ဒီကိုဘာလာလုပ်တာလဲ...'

အမှန်တကယ်တော့ စက်ခွန်းစက ခွန်းထက် ဒီကို ဘာလာလုပ်လဲဆိုတာ သိပ်သိတာပေါ့..ဒါပေမယ့် မသိချင်ယောင်သာဆောင်၍ မေးနေတော့သည်။

'ဘာလာလုပ်ရမလဲကွာ..ဟက်..ဟိုကောင့်စီပေါ့...'

'အော်..'

'ဒါနဲ့..မင်းကရော...ဒီကို...'

'အာ..ထွေထွေထူးထူးမဟုတ်ပါဘူး..အသ်ိလူနာ တစ်ယောက်စီ...လမ်းကြုံလို့ ဝင်ကြည့်တာ..'

'အေး..ဒါဆိုလဲ ပြီးရော..ငါသွားတော့မယ်..'ဟုဆိုကာ နှင်းရဲ့ လက်ကို ဆွဲပြီး ထွက်သွားဖို့ အလုပ် စက်ခွန်းစက

'ကိုခွန်းထက်....'

'ဘာပြောမလို့လဲ..မင်း..'

'ဟို..ကျွန်တော် ကိုခွန်းထက်ကို သတင်းပေးစရာရှိလို့..အဲ့ဒါ..ခဏလောက်စကားပြောလို့ ရမလား..နှစ်ယောက်တည်း...'

'ရပါတယ်..ငါ..ဟိုကောင့်စီ အရင်သွားပြီးရင်..'

'မဟုတ်ဘူး..ကျွန်တော်က အခုကိုပြောနေတာ..အရေးကြီးလို့..'

'ဟာ..မင်းဟာကလည်းကွာ...ပြီးရော...ဒါပေမယ့် ကလေးကျတော့ဘယ်လိုလုပ်မလဲ...'

စက်ခွန်းစက ခွန်းထက်မသိအောင် မျက်နှာရိပ်မျက်နှာကဲ နှင်းကိုပြလိုက်မှ နှင်းက

'ရပါတယ်...နှင်းက ကိစ္စမရှိပါဘူး..ပြီးတော့ ထား..ထားလည်း ဒီမှာရှိမလားမသိဘူး..နှင်း..သက်ထားနဲ့ စကားပြောရင်း ယူ့ကို စောင့်နေပါ့မယ်...'

'ဒါပေမယ့်..ကလေးထွက်မပြေးပါဘူးလို့ အာမခံနိုင်မှာမလို့လား...'

'ကိုခွန်းထက်...နှင်းမပြေးပါဘူး..နှင်းကတိပေးပြီးသားဘဲ..ဒီတစ်ခါတော့ယုံပါ...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now