Chapter 32(Unicode+Zawgyi)

26 7 0
                                    

မိုးမခကိုတော့ သူနာပြုမလေးများက ခေါ်သွားလေပြီ။ နောက်တော့မှ စူးရှက မိုးမခကိုခေါ်သွားသော အခန်းစီသို့ ပြေးလာနေစဉ် အခန်းရှေ့မှာ မိုးနှောင်း၊ထားနဲ့ နှင်းတို့ကို တွေ့လိုက်ရသည်။

နှင်းက စူးရှကို တွေ့တော့

'အစ်ကို...ကိုယ်...'

နှင်းရဲ့ အသံများ တုန်ရီနေသည်။ ရှေ့ဆက်၍ပြောဖို့ရာ အားမရှိတော့သလိုပင်။ထိုအခါ စူးရှက နှင်းရဲ့ လက်တစ်ဖက်ကို ခပ်ဖွဖွကိုင်ရင်း

'နှင်း...ညီမလေး..အစ်ကိုပြောတာကို သေချာနားထောင်နော်...မိုးမခကို စိတ်မပူနဲ့...ကြားလား...ဘာဘဲဖြစ်ဖြစ် အစ်ကို ရအောင် ကြိုးစားမှာပါ..ဟုတ်ပြီလား...'

'အင်း....'

'ဟုတ်ပြီ..မိုးနှောင်းနဲ့ ဒီက ညီမလေးတို့လည်း စိတ်မပူနဲ့နော်..ကဲဒါဆို အစ်ကို့ကိုယ် ခွင့်ပြုပါဦး...'

စူးရှကတော့ အခန်းထဲကို ဝင်သွားလေပြီ။အခန်းအပြင်က လူသုံးယောက်ကတော့ ရင် တထိတ်ထိတ်နဲ့ စောင့်နေကြတာပေါ့..ထိုအချိန် နှင်းက မိုးနှောင်းကို ကြည့်၍

'ကိုမိုးနှောင်း...ကိုယ်က တစ်ခုခုဖြစ်နေတာလားဟင်...နှင်းကို အမှန်အတိုင်းပြောပါ..နှင်းကို ယူတို့ တစ်ခုခု ဖုံးကွယ်ထားတယ်မလားဟင်...'

မိုးနှောင်းကတော့ နှင်းရဲ့အမေးကိုပြန်မဖြေ။မျက်နှာကို တဖက်သို့ လွှဲထားတော့သည်။ ထိုအခါ ထားက မိုးနှောင်းလက်ကို ဆွဲကိုင်ကာ

'မောင်ရယ်...ပြောလိုက်ပါ..နှင်းလည်း သိသင့်တာပေါ့...သူလည်း မတ်ကလေးကို အခု တော်တော်ကိုစိတ်ပူနေတာ..ပြောလိုက်ပါ မောင်ရယ်...ထားတောင်းဆိုပါတယ်...နော်..'

ထားကပြောလိုက်မှသာ တဖက်သို့ စောင်းထားသော မိုးနှောင်းမျက်နှာက နှင်းရှိရာသို့ လှည့်လာကာ

'ဟုတ်ပြီလေ...နှင်း..မင်း သိပ်သိချင်ရင်တော့ ငါပြောပြမယ်...ညီညီက မွေးရာပါ နှလုံးအားနည်းတာလေ...သူနှစ်နှစ်အရွယ်ရောက်တော့ နှလုံးအားနည်းတာကနေ နှလုံးရောဂါဖြစ်သွားတာ...ညီညီက အမှန်အတိုင်းပြောရရင် မင်းကို ဒီအကြောင်းတွေကို မပြောဖို့ ငါတို့ကို ပြောထားတာ...မင်းစိတ်မကောင်းဖြစ်မှာစိုးတာရယ်...သူ့ရဲ့ အကြောင်းတွေကို မင်းသိသွားတဲ့တစ်နေ့  မင်းက သူ့ကို ထားသွားမှာရယ်ကို တွေးပြီးတော့ကြောက်နေခဲ့တာ...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now