Chapter 23(Unicode+Zawgyi)

37 7 0
                                    

ဘေးပတ်ဝန်းကျင်က အရာအားလုံးက အလွန့်ကို တိတ်ဆိတ်လွန်းနေတာလားတော့မသိ ....မိုးမခရဲ့ စကားကို နားမလည်ဟန်ဖြင့် နားထောင်နေသော နှင်းမှာ ရင်ခုန်သံတွေ ရုတ်တရက် မြန်လာသလိုပင် ...မြန်လွန်းတဲ့ ရင်ခုန်သံကို တဖက်လူကြားသွားမှာလဲ နှင်း စိုးရိမ်သည်။

ဘာဖြစ်တာလဲ...နှင်းဘာဖြစ်လို့ ရင်တွေခုန်နေရတာလဲ...မိုးမခက ကိုစူးရှနဲ့ပတ်သက်ပြီး နှင်းကို စိတ်ပူတဲ့အကြောင်းလေးပြောတာကို ဘာလို့ ရင်တွေမရပ်မနား ခုန်နေရတာလဲ...သူ....သူ..မဟုတ်မှလွဲရော နှင်းကို သဝန်တိုနေတာများလား...ဟာ...မဖြစ်နိုင်တာ...သူသဝန်တိုရအောင် သူနဲ့ နှင်းနဲ့က သူငယ်ချင်းအဆင့်ဘဲရှိသေးတာ...တခြားဘာပတ်သက် ဆက်နွယ်မှုတွေတောင်မရှိဘဲ...ရိုးရိုး အဖြူထည်သူငယ်ချင်းဘဲကို...နှင်းအတွေးလွန်နေတာနေမှာပါ....

နှင်းလည်း အတွေးထဲမှာ နစ်မြောနေရင်း မိုးမခ သူ့ကို ပြောလိုက်တဲ့ စကားကိုတောင်မကြားလိုက်..

နှင်းလက်ကိုဆွဲကာ ရုတ်တရက်

'နှင်း...နှင်း...ကိုယ်ပြောတာကြားလားလို့...'

'ရှင်...ကိုမိုးမခ...ယူ နှင်းကို တစ်ခုခုပြောလိုက်တာလား...နှင်းလည်း အတွေးလွန်နေတာနဲ့ မကြားလိုက်ဘူး...ပြန်ပြောပေးလို့ရမလား..ဟင်...'

'နှင်း...နှင်းတကယ်မကြားလိုက်ဘူးလား....'

'အင်း...'

'ဒါဆိုလည်း...ထားလိုက်ပါတော့....'

'ရှင်...ယူဘဲ....'

နှင်းတောင် စကားမဆုံးလိုက်ခင် နှင်းရဲ့ နှုတ်ခမ်းတစ်စုံပေါ်သို့ နူးညံ့ သွယ်လျှသော လက်ချောင်းကလေးက ရောက်လာကာ...

'ရှူး...ကိုယ်ပြောတာကိုဘဲ ခဏလောက် နားထောင်ပေးပါလား နှင်း...ကိုယ်တို့ လာမယ့် အပတ် သောကြာနေ့ နေ့လည် ၃:၀၀လောက် ကြရင် ကန်တော်ကြီးမှာ တွေ့ကြရအောင်...အဲ့နေ့ကျရင်လေ နှင်းရဲ့ကြီးကြီးညွန့်ကိုပါ ခေါ်ခဲ့ပေးနော်...ကိုယ်လည်း လေးလေးကိုခေါ်ခဲ့မယ်...သူတို့နှစ်ယောက်ကို တွေ့ပေးကြရအောင်လေနော်..ပြီးတော့...ကိုယ် နှင်းကိုလည်း ပြောပြစရာတွေရှိတယ်...ဒီနေ့ နှင်းမကြားလိုက်ရဘူးဆိုတဲ့ အကြောင်းကိုလည်း အဲ့နေ့ကျရင် နှင်းကို ကိုယ်ပြန်ပြောပြမယ်....အဲ့နေ့ကျရင် နှင်းလာဖြစ်အောင်လာခဲ့ပါနော်...ကိုယ်စောင့်နေမယ်...အခုတော့..ကိုယ်သွားတော့မယ် နှင်း...see u...'ဟုဆိုကာ မိုးမခက နှင်းအနားကနေထွက်သွားတော့သည်။

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now