မိုးမခ အိမ်သို့ ပြန်ရောက်သောအခါ နေ့လည်ခင်းက ဆရာမ ပြောတာတွေကို နားထဲမှာပြန်ကြားယောင်နေမိသည်။
ကလေးတို့..မင်းတို့ နှစ်ယောက်က ပေါင်းဖက်ဖို့ ဘယ်လိုမှ ကံမပါသလိုဘဲ..အချစ်ရေးက အနှောင့်တွေကြီးဘဲမြင်ရတယ်..
အထူးသဖြင့် ကောင်လေးရဲ့ ကျန်းမာရေး..သူကြာကြာ အသက်မရှင်နိုင်တော့ဘူး....
ကောင်လေး..မင်းမသိတာတွေလည်း အများကြီးရှိပါသေးတယ်..မင်းမှာ အချိန် သိပ်မကျန်တော့ဘူး..
ကောင်မလေး..သတိထားနေပါ..ကြာသပတေးသားတစ်ယောက်က မင်းတို့ အတွက် အနှောင့်အယှက်ဖြစ်လာလိမ့်မယ်..
'အာ...ဘာတွေလဲ..ကြာသပတေားသား..အနှောင့်အယှက်ဆိုတာကရော..ဘယ်သူလဲ...'
'ဘာလို့ နှင်းနဲ့ ငါ့ကို ပေါင်းဖက်ဖို့ ကံမပါဘူးလို့ပြောရတာလဲ...'
'ပြီးတော့..သူပြောတာ..ငါက ကြာကြာ အသက်မရှင်နိုင်တော့ဘူး..ဟုတ်လား..ငါအခု ကျန်းမာနေတာဘဲ..တစ်ခုခုဆို မေမေတို့ ဖေဖေတို့ မိုးနှောင်းတို့က ငါ့ကို ပြန်ပြောပြမှာပေါ့..အခု သူတို့က ငါ့ကို ဘာမှ မှ မပြောတာ..ငါအဆင်ပြေလို့လေ..တခါတလေ အသက်ရှူမရဖြစ်ပြီး ရင်ဘတ်အောင့်တာကလွဲရင်..နေပါဦး...ငါ အရင်ကထက်ပိုဆိုးလာလို့များ ရင်ဘတ်ခဏခဏအောင့်နေတာလား..မဟုတ်ပါဘူး..ဟို ဆရာမ ပြောတာနဲ့တင် ငါကလည်း လျှောက်တွေးနေပြန်ပြီ...'
'အဟွတ်..အဟွတ်...'
'အာ...နေ့ခင်းက cake နည်းနည်းလေး စားလိုက်မိတာကို..အဟွတ်..ဘာလို့..လည်ပင်းတွေ အရမ်းယားပြီး နေရခက်သလိုဖြစ်နေရတာလဲ..အဟွတ်...'
မိုးမခ ချောင်းဆိုးပါများတော့ ရင်ဘတ်တွေပါ အောင့်လာတော့သည်။
'အဟွတ်..အဟွတ်..ဆေး..ဆေးသောက်မှ ဖြစ်မယ်..အဟွတ်...'
မိုးမခလည်း ဆေးသောက်ဖို့ ဆေးဘူးကို ယူလိုက်တော့ ဆေးကကုန်နေတော့
'အဟွတ်..ခက်တာဘဲ..ကွာ..မေမေကို သွားမေးရ ဦးမယ်..အဟွတ်..'
မိုးမခလည်း အိမ်အောက်ထပ်ကို ဆင်းကာ အမေဖြစ်သူကို ရှာတော့ ဒေါ်စောလှကို မီးဖိုခန်းထဲမှာရှာတွေ့တော့သည်။
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...