Chapter 2

239 12 3
                                    

မိုးမခတို့ မိသားစုထမင်းဝိုင်းလေးသည် လွန်စွာပင်ငြိမ်သက်မှုတို့လွှမ်းမိုးလျက်...ထိုငြိမ်သက်မှုတို့အားဖြိုခွင်းလိုက်သူက....
'ညီညီ...အိမ်ပေါ်ကနေအောက်ထပ်ကိုဆင်းလာကတည်းက..မင်းစိတ်နဲ့လူနဲ့မကပ်သလိုဘဲနော်..ဘာလဲ...ကောင်မလေးတွေဘာတွေတွေ့နေပြီမို့လို့လား...ဒါမှမဟုတ်လဲ...ဝါကျွတ်အမှီကိုယ့်ကိုယ်ကိုအစွံထုတ်တော့မို့လား..'

အကိုဖြစ်သူကစနောက်ကာပြောလိုက်သော်လည်းသူပြောသည်မှာအနည်းအကျဉ်းမှန်သောကြောင့်ဘာမှပင်မပြောတော့ဘဲနှုတ်စိတ်ကာနေလိုက်မိသောမိုးမခ...ညီဖြစ်သူကဘာမှပြန်မပြောတော့မိုးနှောင်းမှာလည်းရှေ့ဆက်၍

'မေမေတွေ့လား...ဒီကောင်လေးကမလွယ်တော့ဘူး..အငယ်ဆုံးလေးဆိုပြီးအလိုလိုက်ထားတာကိုအသက်ကဖြင့်၁၇ဘဲရှိသေး...ကောင်မလေးတွေဘာတွေတွေ့နေတာလားမသိ...ဟိဟိ'

မိုးမခလည်းငြိမ်နေ၍မရတော့..မိုးနှောင်းထပ်၍ပြောလျှင်..မိမိမှာဆက်၍မိမိခံစားချက်များအားဖုံးကွယ်၍လည်းမရတော့သည့်အတွက်ခပ်မြန်မြန်ပင်

'မိုးနှောင်း...ထမင်းစားစရာရှိတာကိုကျမစားဘဲ...သူများအကြောင်းကိုတော်တော်လေးစိတ်ဝင်စားပြီးချွန်တွန်းလုပ်နေတာ...မင်းမှာလည်းတနေ့တနေ့ငါ့ကိုလိုက်စနေတာမမောဘူးလား...ပြီးတော့ငါ့ကိုအဲသည်လိုလိုက်လိုက်စမှမင်းစားဝင်အိပ်ပျော်တာလား..ဟင့်'
'ဟားဟား..ညီညီ...မင်းကိုပိန်းတယ်လို့ပြောရင်လည်းမင်းကမကြိုက်ဘူး..မင်းမကြိုက်မှန်းသိလို့ငါတမင်စတာပေါ့ကွ...ပြီးတော့ကောင်မလေးအကြောင်းလေးပြောလိုက်တာ မိန်းကလေးအတိုင်းဘဲကပ်ကပ်လန်နေအောင်ရန်တွေ့တော့တာဘဲနော်..မသိရင်တကယ်လိုလိုဘာလိုလိုနဲ့..ဟားဟားဟားဟား'
'မိုးနှောင်း...မင်းကွာပြောလေပိုဆိုးလေဘဲ...တော်ပြီ..မင်းနဲ့လည်းစကားမပြောတော့ဘူး..မေမေ..သားဗိုက်ပြည့်နေပြီ..class လည်းရှိလို့..သားအခန်းထဲကိုသွားတော့မယ်နော်'

အခန်းဆီသို့သုတ်ခြေတင်ကာသွားနေသောသားဖြစ်သူအားမိခင်ဖြစ်သူဒေါ်စောလှမှာစိုးရိမ်တကြီးဖြင့်

'သားငယ်လေး..ဖြည်းဖြည်းတက်နော်..တော်ကြာမောနေဦးမယ်..ပြီးတော့..နေ့လည်ဆေးသောက်ဖို့လည်းမမေ့နဲ့ဦး..မေမေပြီးရင်သားအတွက်နို့ပူပူလေးယူခဲ့မယ်နော်'
'မေမေကလည်း..သားကကလေးလဲမဟုတ်တော့ဘူး..အဲသည်လောက်ထိလိုက်လုပ်စရာမလိုပါဘူး..သားဘာသာသားဂရုစိုက်နိုင်ပါတယ်နော်..သားကမေမေ့ကိုစိတ်ပူအောင်မလုပ်ပါဘူး..'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now